>At least 230 die of heat stress in Mdy

>

မန္တလေးတွင် အပူကြောင့် အနည်းဆုံး ၂၃၀ သေဆုံး
ဆင်ဟွာ သတင်းဌာန
မေ ၁၉၊ ၂၀၁၀


ပြီးခဲ့သည့် အပတ် အတွင်း အပူဒဏ် ပြင်းထန်သောကြောင့် မန္တလေးတွင် အနည်းဆုံး ၂၃၀ သေဆုံးသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ကိုးကားပြီး 7DAY သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

မန္တလေး၏ အပူချိန်မှာ ၄၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။

သေဆုံးသူ အများစုမှာ အရက်သောက်သုံးသူများ ဖြစ်ကြောင်း၊ အာဏာပိုင်တို့က အရက်ရောင်းချမှု ပိတ်ပင်ထားကြောင်း သတင်းက ဆိုသည်။

မန္တလေး ဆေးရုံကြီးရှိ လူနာ အများအပြားလည်း အပူရှိန်ကြောင့် သေဆုံးကြသည်။

မကြာသေးမီက တရားဝင် ထုတ်ပြန်ချက်တခု အရ ပြီးခဲ့သည့်အပတ်အတွင်း မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် အပူကြောင့် ၇ ဦး ကွယ်လွန်သွားကြောင်း သိရသည်။

ရန်ကုန် ဆင်ခြေဖုံးဒေသ သောက်သုံးရေကန်တချို့လည်း အပူရှိန် ပြင်းထန်လွန်းသဖြင့် ခန်းခြောက် သွားသည်။

မကြာသေးမီကလည်း ဧရာဝတီတိုင်းအတွင်းရှိ ငါးမွေးမြူရေး ကန်များတွင် ငါးများ အပူဒဏ်ကြောင့် သေဆုံးကြသည်ဟု မွေးမြူရေးသမားများက ပြောသည်။

တရက်တည်း ငါးကောင်ရေ တသိန်းကျော် သေကျေပျက်စီးမှုကဲ့သို့သော ဖြစ်ရပ်များကို ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ပေါ်ပေါက်ခဲ့သည်။

ပြီးခဲ့သည့် ၂ လအတွင်း မြန်မာပြည်တွင် ဖြစ်ပေါ်ခဲ့သည့် အပူရှိန်မှာ သမိုင်းတွင် အမြင့်ဆုံး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts