>Burmese turns into religious and traditional procedure to lure rains

>

ပဲခူး၊ သာမနေကျော်ကျောင်း၊ ကြခတ်ဝင်းက သံဃာတော်များ မြို့ထဲထွက်ပြီး ငါးရံ့မင်းပရိတ်ရွတ်
ပဲခူး၊ စိန်ပန်းကျောင်း၊ ရွှေအောင်ရိုးဘုရားအနီး၊ ရေကန်အနီးတွင် ဒေသခံတို့ ရိုးရာလွန်ဆွဲ
သတင်းရင်းမြစ် – ဦးအေးမြင့်၊ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၁၇၊ ၂၀၁၀
ယမန်နေ့က ပဲခူး၊ စိန်ပန်းကျောင်းရှေ့၊ ရွှေအောင်ရိုး ဘုရားအနီးမှာ ဒေသခံတို့ စုဝေးကြပြီးတော့ မြန်မာရိုးရာ လွန်ဆွဲပွဲကို ကျင်းပကြတယ်လို့ သိရပါတယ်။ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်ကို မေးကြည့်တဲ့အခါ – ဆရာက မြန်မာရိုးရာ ထုံးတမ်းအစဉ်အလာအဖြစ် မိုးခေါင်တဲ့အခါ မိုးရွာအောင် ဆိုင်ရာ၊ ပိုင်ရာများကို (ရိုးရာ နတ်များ) တိုင်တည်ပြီး မိုးရွာအောင် လွန်ဆွဲကြတယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ယနေ့ကလည်း ပဲခူး၊ သာမနေကျော်ကျောင်း၊ ကြခတ်ဝင်းက သံဃာတော်များကို ပင့်ဆောင်ပြီးတော့ မြို့ထဲကို လှည့်လည်ပြီး မိုးရွာစေတဲ့ ငါးရံ့မင်းပရိတ်ရွတ်တဲ့ ဘာသာရေးဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ကြတယ်လို့ ဦးအေးမြင့် (လမ်းပြကြယ်) က ပြောကြားခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးက ဒေသခံအချို့ကတော့ အဓိဋ္ဌာန်ဆရာတော်မိန့်ကြားတဲ့ ကန်စွန်း ၇ ညွန့် ကို ရေဖန်ခွက်ထဲ ထည့်ပြီး အိမ်ရှေ့မှာ ထုတ်ထားတာ၊ မဟာမုနိဓာတ်ပုံကို ရေ၊ မီး၊ ဆွမ်း၊ ထီး ၃ ခု ဆီ ကပ်ပြီး မနက် ၇ နာရီမှာ ၇ ရက် တိုင်တိုင် “မကြာခင်မိုးရွာပါစေ” လို့ ဘုရားရှိခိုးပြီး ဆုတောင်းကြဖို့ ကိုလည်း ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံအချို့ကို တင်ဆက်လိုက်ပါတယ်။
မိုးမခရဲ့ ယူကျု ချယ်နယ်ထဲမှာ ပဲခူးက လွန်ဆွဲပွဲ ရုပ်သံကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်က သံဃာတော်တွေ ရေအလှူကားတွေ ဖြတ်နိုင်ဖို့ ရွာတွေကြားမှာ ကိုယ်ထူကိုယ်ထ လမ်းခင်းနေတာကိုလည်း တွေ့နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts