>Obtury – Thu Maung (1951 – 2010)

>

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် – သုမောင် ကွယ်လွန်
မိုးမခက ၀မ်းနည်းကြောင်း မှတ်တမ်းပြုပါသည်။
မိုးမခ – မေ ၁၆၊ ၂၀၁၀
          ယနေ့ည ၉ နာရီက သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သည်ဟု ကြားသိရပါတယ်။ မိုးမခက မိသားစုနှင့်အတူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုပါတယ်။ ၎င်း၏ အထုပ္ပတ္တိမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြန်မာစာအုပ်ဆိုင် (Myanmar Book Shop နဲ့ မြန်မာအိုင်အက်စ်ပီ ) ၀က်ဆိုက်က ရယူပါတယ်)

သုမောင် (၁၉၅၁- ၂၀၁၀)
၁၉၅၁ – ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။
၁၉၆၆ – စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။
၁၉၆၉ – စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။
ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။
၁၉၇၀ – ၀တ်မှုံဂျာနယ်ပါ”သနပ်ခါးရေကျဲကျဲ” ၀တ္ထုတိုကို ”အုပ်စိုး” အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။)
၁၉၇၄ – ”အချစ်” အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင့်တမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ”သုမောင်”အမည် ထင်ရှား ခဲ့။
၁၉၇၄ – ခုနှစ်တွင်ပင် ”နှောင်းတမြေ့မြေ့” ရုပ်ရှင်ကား၌ ဇာတ်ဝင် နောက်ခံတေးတစ်ပုဒ်ဖြစ်သော ”ပန်းဦးပန်မယ့် သူ” သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။
၁၉၇၆ – ”ရှင်နေမင်းမှပေးသောစာ” (ဘာသာပြန်)ထွက်ခဲ့။ ”သိပ်ချစ်တယ်မဟုတ်လား” လုံးချင်းဝတ္ထုထွက်ခဲ့။
၁၉၇၇ – ”ပင်တိုင်စံမကောင်းပါဘူးကွယ်” လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ”ငယ်အိပ်မက်” ၀တ္ထုတို ရေးခဲ့။
၁၉၇၈ – ”သူ့မောင်မှာ သူ့မောင်မှာ” ၀တ္ထုရှည်ထွက်ခဲ့။ ”အချစ်ငါမသိ”၊ ”အချစ်ပွင့်ကလေးများ”၊ ”အချစ် သစ်ပင်”၊ ”သာဓုအင်ဆန်း(စုပေါင်း)” စာအုပ်များထွက်ခဲ့။
     ၁၉၇၉ – ”အချစ်(၂)”၊ ”အချစ်နှင့်သူ၏ကိုကို”၊ ”အချစ်၏နောက်ဆုံးနေ့များ” စသော လုံးချင်းဝတ္ထုများထွက်ခဲ့။
     ၁၉၈၀ – ”အကယ်ဒမီ”၊ ”အချစ်စက်”၊ ”ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ” စသော လုံးချင်း စာအုပ်များထွက်ခဲ့။
 ၁၉၈၁ – ”လ”၊ ”စပယ်သုံးကုံး”(စုပေါင်း)၊ ”ထို့ကြောင့် အချစ်ဟုခေါ်ပါသည်”(စုပေါင်း) စာအုပ်များထွက်ခဲ့။
၁၉၈၂ – ”ပန်းစွယ်တော်ရွက်ကလေး”(စုပေါင်း) စာအုပ်ထွက်ခဲ့။
၁၉၈၃ – ”ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ” ထွက်။
၁၉၈၄ – ”၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း” (၀တ္ထုတိုပေါင်းချုပ်)။ ”သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း” (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။
၁၉၈၆ – ”အချစ်လား သူဖျားနေတယ်” စာအုပ်ထွက်။
၁၉၈၇ – ”ကမ္ဘာကြီးတုန်သွားတယ်” စာအုပ်ထွက်။
၁၉၈၈ – ”ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ” စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို”အဖေ၏အမေ” ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။
၁၉၈၉ – ”မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ” ၀တ္ထုထွက်။
၁၉၉၀ – ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။
၁၉၉၅ – နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။
၁၉၉၆ – ”သောတာဆွေ လွမ်းတသ-အမှတ်တရ” (စုပေါင်း)စာအုပ်ထွက်။
၁၉၉၇ – ”စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)” စာအုပ်ထွက်။
၁၉၉၉ – ”ကွမ်းစကား” (၀တ္ထုတိုပေါင်းချုပ်)၊ ”ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ”၊ ”ပန်းယွန်း အိမ်”(စုပေါင်း)၊ ”မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ” စာအုပ်များထွက်။
၂၀၀၁ – ”မင်းနဲ့မှချစ်တတ်ပြီ” ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ”နံနက်စာ ဆောင်းပါးပေါင်းချုပ်” စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော ”နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်”သို့ တက်ရောက်စာတမ်းတင်ခဲ့။  
စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီး-စသည်ဖြင့် တေးသီချင်းပုဒ်ရေပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။
မကွယ်လွန်မီအချိန်များတွင် စာပေကို အလေးထားဆောင်ရွက်ရင်း ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ (ရုပ်ရှင်သရုပ်ဆောင်)၊ ထိန်ထိန်သာ၊ ထိပ်ထား-ဟူသော သားသမီး(၄)ယောက်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုရုပ်ရှင်ခြံတွင် နေထိုင်ခဲ့သည်။
”ထင်ရှားသောစာအုပ်အချို့”
          ၁။အချစ်
          ၂။အချစ်လား သူဖျားနေတယ်
၃။ဍရင်ကောက်နှင့်အခြားဝတ္ထုတိုများ
          ၄။ဝတ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်)
          ၅။ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်)
          ၆။သာဓုအင်ဆန်း(စ်)(စုပေါင်း)
          ၇။အရုပ်ကလေး
          ၈။အရက်သမား အမှားတစ်ရာ(ဆောင်းပါးပေါင်းချုပ်)
၉။ပင်တိုင်စံ မကောင်းပါဘူးကွယ်။
အောက်ပါ စာသားများကတော့ – ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်က “သုမောင် (၁၉၅၁)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
၁။ အမည်ရင်း – မောင်ဗလ
၂။ မိဘအမည် – ဦးသာဓု (စာရေးဆရာ၊ ဒါရိုက်တာ) ဒေါ်ခင်ညို
၃။ မွေးသက္ကရာဇ် – ၁၃၊ ၃၊ ၁၉၅၁
၎။ မွေးဖွားရာဒေသ – ရန်ကုန်မြို့
၅။ ကလောင် အမည်ခွဲများ – မောင်ညိုအောင်၊ မဟူရာ၊ အုပ်စိုး
ကိုယ်ရေးဖြစ်စဉ်
စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ သရုပ်ဆောင်၊ အဆိုတော် သုမောင်သည် ငယ်စဉ်က အင်ဂျင်နီယာ တဦး ဖြစ်လို သဖြင့် ၁၉၆၆ ခုနှစ်တွင် စိန်ပေါလ် (ယခု အထက ၆ ဗိုလ်တထောင်) မှ စက်မှု လက်မှု အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့ရာ ဒီဇယ် အင်ဂျင်နီယာ သင်တန်းကို ၁၉၆၉ ခုနှစ်က အောင်မြင်ခဲ့သည်။ ထိုအချိန်က စ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီ ဂျာနယ်တွင် စာပြင် အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများ ရေးသားခဲ့သည်။ ပထမ ဦးဆုံး ဝတ္ထုတို အဖြစ် ၁၉၇ဝ ပြည့်နှစ်တွင် ဝတ်မှုံ ဂျာနယ်၌ သနပ်ခါးရေကျဲကျဲ အမည်တပ်၍ ရေးသားခဲ့သည်။ ကလောင် အမည် အုပ်စိုး ဖြစ်သည်။
၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် ရှုမဝ မဂ္ဂဇင်းတွင် ငယ်အိပ်မက် ဝတ္ထုကို သုမောင် အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် သုမောင် အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အချစ် အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်း ဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။
၁၉၈၈ ခုနှစ် စာဖတ်သူ အကြိုက် မန္ဈလေး စာပေဆုကို အဖေ၏ အမေ ကိုယ်တွေ့ စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်နိုင်ငံ အိုင်အိုဝါး တက္ကသိုလ်၌ ကျင်းပခဲ့သော (International Writing paragraph) နိုင်ငံတကာ စာရေးဆရာများ စာပေရေးရာ လုပ်ငန်း အစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက်၍ စာတမ်း တင်ခဲ့သည်။
သုမောင်သည် စာပေဆိုင်ရာ လုပ်ငန်း တာဝန်များ သာမက ရုပ်ရှင် သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးခ္ဆွန်မှု ရှိသူ တဦး ဖြစ်သည်။ ၁၉၇၄ တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူ ဖြစ်သဖြင့် စာပေ ကဲ့သို့ပင် ရုပ်ရှင် တွင်လည်း သုမောင် အမည်သည် ထင်ရှား ခဲ့သည်။
သုမောင်သည် ဇာတ်ကားကြီးပေါင်း ၄ဝကျော် ရိုက်ကူးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ရိုက်လက်စ ဇာတ်ကားမှာ မင်းနဲ့ မှချစ်တတ်ပြီ ဇာတ်ကား ဖြစ်သည်။ သုမောင်သည် ၁၉၉ဝ ပြည့်နှစ် အတွက် အကောင်းဆုံး အဓိက အမျိုးသား သရုပ်ဆောင် အကယ်ဒမီ ဆုကို ခုနှစ်စဉ်အလွမ်း ဇာတ်ကားတွင် ရရှိခဲ့သည်။
စာရေးဆရာ ရုပ်ရှင် သရုပ်ဆောင် သာမက တေးဂီတ တွင်လည်း ထင်ရှားခဲ့သူ တဦး ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင် နောက်ခံ တေးတပုဒ် ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို စတင် သီဆို ခဲ့ရာမှ စ၍ တေးဂီတ လောကသို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင် နောက်ခံတေးများ၊ တိပ်ခွေ စီးရီးများ၊ ရေဒီယို တေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း ပုဒ်ရေပေါင်း ၂ဝဝဝ ကျော် သီဆိုပြီး ဖြစ်သည်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ လတွင် ဟောင်ကောင်၊ မကာအို နိုင်ငံများရှိ ဆရာဝန်များ ငွေရတု သဘင်မှ ဖိတ်ကြား သဖြင့် မြန်မာ့ တေးသီချင်းများ သွားရောက် ဖျော်ဖြေခွင့် ရခဲ့သည်။
ယခုအခါ ရုပ်ရှင် ဂီတထက် စာပေကို အလေးထား ဆောင်ရွက်ရင်း ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်သား ဟူသော သားသမီး လေးယောက်နှင့် အတူ သင်္ကန်းက္ဆွန်း မြို့နယ် သာဓု ရုပ်ရှင်ခြံတွင် နေထိုင်လျက် ရှိသည်။
သုမောင် ရေးသား ပြုစုခဲ့သော စာအုပ်များ
၁။ ကမ္ဘာကြီး တုန်သွားတယ် – ၁၉၈၇ ခုနှစ်
၂။ ကြူကြူပါအောင် ရယ်သည်
၃။ ကွမ်းစကား (ဝတ္ထုတိုပေါင်းချုပ်) – ၁၉၉၉ ခုနှစ်
၎။ ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင်းခေါင်းပေါ်မှ – ၁၉၈၈ ခုနှစ်
၅။ စာမျက်နှာ (၁၆) (၈/၁၉၇၈)
၆။ ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ – ၁၉၈၃ ခုနှစ်
၇။ နံနက်စာ ဆောင်းပါးပေါင်းချုပ် – ၂ဝဝ၁ ခုနှစ်
၈။ ပင်တိုင်စံ မမောင်းပါဘူးကွယ် – ၁၉၇၇ ခုနှစ်
၉။ မချစ်တတ်တာမဟုတ် မချစ်ချင်တာပါ – ၁၉၈၉ ခုနှစ်
၁ဝ။ ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်) – ၁၉၇၆ ခုနှစ်
၁၁။ လ – ၁၉၈၁ ခုနှစ်
၁၂။ ဝတ္ထုတိုတပုဒ် ပေးပို့ခြင်း (ဝတ္ထုတိုပေါင်းချုပ်) – ၁၉၈၄ ခုနှစ်
၁၃။ သာဓုနှင့် က္ဆွန်တော်၏ ဖခင်များအကြောင်း – ၁၉၈၄ ခုနှစ် (ဝတ္ထုတို ပေါင်းချုပ်)
၁၄။ သူ့မောင်မှာ သူ့မောင်မှာ – ၁၉၇၈ ခုနှစ်
၁၅။ သိပ်ချစ်တယ် မဟုတ်လား – ၁၉၇၆ ခုနှစ်
၁၆။ အကယ်ဒမီ – ၁၉၈ဝ ပြည့်နှစ်
၁၇။ အချစ် – ၁၉၇၄ ခုနှစ်
၁၈။ အချစ် (၂) – ၁၉၇၉ ခုနှစ်
၁၉။ အချစ် ငါမသိ – ၁၉၇၈ ခုနှစ်
၂ဝ။ အချစ်စက် – ၁၉၈ဝ ပြည့်နှစ်
၂၁။ အချစ်နှင့် သူ၏ကိုကို – ၁၉၇၉ ခုနှစ်
၂၂။ အချစ်ပွင့်ကလေးများ – ၁၉၇၈ ခုနှစ်
၂၃။ အချစ်လား သူဖျားနေတယ် – ၁၉၈၆ ခုနှစ်
၂၄။ အချစ်သစ်ပင် – ၁၉၇၈ ခုနှစ်
၂၅။ အချစ်၏ နောက်ဆုံးနေ့များ – ၁၉၇၉ ခုနှစ်
၂၆။ အမှိုက်
၂၇။ အရက်သမား အမှားတရာ (ဆောင်းပါးပေါင်းချုပ်)
၂၈။ အရုပ်ကလေး
အခြား စာရေး ဆရာများမနှင့် ပူးတွဲ ရေးသားသော ဝတ္ထုများ
၁။ွွေ့ကမိန်းကလေး ပုံပြင်နှင့် ဘဝရသစာစုများ – ၁၉၉၉ ခုနှစ်
၂။ ငါကွ ခုဆယ်ရာထောင်သောင်း သိန်းသန်းကုဋေ – ၁၉၈ဝ ခုနှစ်
၃။ စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ – ၁၉၉၇ ခုနှစ်
၎။ စံပယ်သုံးသုံး – ၁၉၈၁ ခုနှစ်
၅။ ထို့ကြောင့် အချစ်ဟု ခေါ်ပါသည် – ၁၉၈၁ ခုနှစ်
၆။ ပန်းစွယ်တော်ရွက်ကလေး – ၁၉၈၂ ခုနှစ်
၇။ ပန်းယွန်းအိမ် – ၁၉၉၉ ခုနှစ်
၈။ မှတ်မှတ်ရရ ရှုမဝ ဝတ္ထုတိုများ – ၁၉၉၉ ခုနှစ်
၉။ သာဓုအင်ဆန်း (စ်) – ၁၉၇၈ ခုနှစ်
၁ဝ။ သော်တာဆွေ လွမ်းတသ အမှတ်တရ – ၁၉၉၆ ခုနှစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts