>2 Years After Nargis, Delta People still live in despire

>

နာဂစ်လွန် ၂ နှစ်တာ – ဧရာဝတီမြစ်ဝကျွန်းပေါ်က မြန်မာတို့ ရုန်းကန်နေရဆဲ

သတင်းရင်းမြစ် – ဦးအေးမြင့် (လမ်းပြကြယ်)
မိုးမခအထောက်တော် ၀၀၃
မေ ၅၊၂၀၁၀
နာဂစ်သင့်ခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်က နတ်မှော်ချောင်းကျေးရွစုတွင် နေထိုင်ကြသော မြန်မာမိသားစုများမှာ ယခုအချိန်အထိ ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးတို့အတွက် ရုန်းကန်နေဆဲဖြစ်ကြောင်း လက်ခံရရှိသည့် ဗီဒီယိုဖိုင်ကလေးများက တဆင့် မျက်မြင်တွေ့နိုင်သည်။ ရွာသူ ရွာသားတို့ နေထိုင်သော နေအိမ်များမှာ ယခုအချိန်အထိ ယာယီအမိုးအကာမျှသာ ဖြစ်နေသေးသည်။ ရွာသားတို့၏ အတွေ့အကြုံတို့ကို ပြန်ပြောင်းပြောပြကြရာတွင် – ကျေးရွာအာဏာပိုင်တို့က အကူအညီမလိုကြောင်း ငြင်းပယ်ခဲ့ကြသဖြင့် ရွာသားများမှာ အကူအညီ အထောက်အပံ့များ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ကို ကြားသိရသည်။ သည်နေရာက မိုးမခ – ယူကျုမှာ ရှုမြင်ပါ။http://www.youtube.com/user/moemaka#p/c/7096ED230674CE2E/0/1yOhPsjRDgA

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts