>May 5th – Journals Digest Headlines

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
မေ ၅၊ ၂၀၁၀
ပုဂံရှိ ရှေးဟောင်းဘုရား ၁၅၀၀ ခန့်ပြုပြင်ပြီး၊ ရှေးဘုန်းကြီးကျောင်းများ၊ တိုက်ကျောင်းများ ဆက်ပြင်မည်
ထိုင်း ရင်းနှီးမြှပ်နှံမှု အများဆုံးမှာ မြန်မာ၊ ဗြိတန်နှင့် စင်္ကာပူ ဟု ဆို
အပူချိန်မြင့်တက်၍ မွေးမြူရေး ငါးများ သေဆုံး။ ရန်ကုန်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂ ဆိုင် စဖွင့်ပြီ။
သင်္ကြန်မှာ ပျံကျဈေးသည်များ အရှုံးပေါ်။ အပူရှိန် ဝေဒနာကြောင့် သတင်းစာဆရာသာဂဒိုး ကွယ်လွန်။
ရေထွက်စက်ရုံ ရေဆိုးများကို လှိုင်မြစ်ထဲ တိုက်ရိုက်စွန့်ပစ်နေ။ စိုးထိတ်နေ့ရက်များ – သတင်းဆောင်းပါး။
ပထမအကြိမ် အမြွှာများတွေ့ဆုံပွဲ အမြွှာပေါင်း ၃၀၀ ကျော် တက်ရောက်မည်။
အပူရှိန်ကြောင့် အသက်အန္တရာယ် မထိခိုက်စေရန် သတိပြုရန် လိုပြီ။
မော်လမြိုင် ပိန္နဲကုန်း သုသာန် ကိုယ့်အားကိုယ်ကိုးအအေးတိုက် ပြီးစီးတော့မည်
၂၀၁၀ တွင် နွား ၁ သောင်း၊ ဆိတ် ၅ သောင်း ပြည်ပပို့မည်။  ဧပြီ ၂၃ အထိ နိုင်ငံရေးပါတီ ၅ ဖွဲ့ ရှိသွားပြီ။
နာဂစ် ၂ နှစ်ပြည့် တွေ့မြင်ရသော ပြောင်းလဲမှုများ ထူးထူးခြားခြား – ခေတ်သစ်မြို့ပြပုံစံ (ဆိုပဲ)
ရန်ကုန်သင်္ကြန်ဗုံး လူ ၁ဝဦး သေ၊ လူပေါင်း ၁၇၀ ဒဏ်ရာရ။ မြစ်ဆုံ ရေအားစီမံကိန်း ဗုံး ၁၀ လုံး ကွဲ။
ဗုဒ္ဓဂယာခရီးစဉ်များ သာသနာရေးဝန်ကြီးထံက ခွင့်ပြုချက်လိုသည်။ တရားမ၀င် ခရီးစီစဉ်သူများကို အလိုမရှိ။
၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြမည့် – သူတို့အမြင်၊ သူတို့အကြောင်း
ကိုရီးယားကားများ စာတန်းထိုးသဖြင့် တရွာလုံး စာတတ်မြောက်ကုန်ကြပြီ (ကာတွန်း …)
၂၀၁၀ ရွေးကောက်ပွဲနှင့် အလွန်ကို ကာတွန်းဆရာများကလည်း မြင်တတ်ကြပြီ (အင်တာဗျူး၊ ကာတွန်းမဟုတ်)
စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များ သက်ဆိုင်ရာက အရေးယူမည်။ ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီ မှတ်ပုံတင်လျောက်။
ခိုးကူးဈေးကွက်ကြောင့် ဗီဒီယိုဆင်ဆာလက်မှတ်ရောင်းငွေ ယခင်နှစ်ထက် ၆ သန်း လျော့ကျ။
ဗိုလ်မှူးတင့်ဆွေ အပြောင်းအလဲသတင်း မမှန်ကန်ကြောင်း ဗွိုင့်သို့ သက်ဆိုင်သူက ပြန်ရှင်း။
အင်းလေးဇုန်ဝင်ကြေး တိုးမြှင့်။ လှော်ကားဥယျဉ်ကို ထူးကုမ္ပဏီက လွှဲယူလိုက်ပြန်ပြီ။
ဗုံးသတင်း၊ ရွေးကောက်ပွဲဝင်မည့်သူများ သတင်းစုံလင်စွာဖြင့် မေလ ဂျာနယ်ဒိုင်ဂျက် ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts