Uncategorized

Maung Swan Yi – Father Day Poem

“ဖခင်များနေ့” ဂုဏ်ပြုသီကုံး ရှစ်လုံးဘွဲ့ကဗျာ

မောင်စွမ်းရည်၊ ဇွန် ၁၇၊ ၂၀၁၃

မာတာပီတ ကြီးစွ ဂုဏ်အင်

ဗုဒ္ဓနှင့်နှိုင်း၊ တဂိုဏ်းတည်းဝင်

ကျေးဇူးဂုဏ်ပြ၊ အနန္တပင်

မြင်းမိုရ်ထက်၊ မြင့်ထက် ကျေးဇူးရှင်။

မကောင်းမြစ်တာ၊ ကောင်းရာကိုသင်

ပုဗ္ဗစရိယ၊ မိနှင့်ဖလျှင်

ချစ်ခင်ယုယ၊ ဆုံးမသာငြင်

မေတ္တာထူး၊ လက်ဦးဆရာတွင်။

အဖေ“သတ္တိ”၊ အမိ “မေတ္တာ”

ဂုဏ်ရေး ၂ ရပ်၊ မြင့်မြတ်ထင်စွဲ

“မေတ္တာရေအေး တိုက်ကျွေး မာတာ”

“သတ္တိပြ၊ အဖဘေးရန်ကာ”။

သားသမီးအား ၀တ်စားတန်ဆာ

ပညာသင်ပေး၊ ငြိမ်းအေးချမ်းသာ

သမ္မာဇီဝ၊ ရှာရဥစ္စာ

အဖကား လှုပ်ရှား ပင်ပန်းစွာ။

သုဒ္ဓေါဒန၊ ဗုဒ္ဓဖင်

သားဗုဒ္ဓရဲ့ ဓမ္မနာချင်

ကာဠုအမတ် စေလတ်သည်တွင်

သားဗုဒ္ဓ၊ မြန်းကြွနန်းတော်ဝင်။                 ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts