International News

Fathers’ Day marked by Burmese in NYC

ဖခင်များနေ့ နယူးယောက်မဟာအောင်မြေကျောင်းမှာ ကုသိုလ်ပြုကြ

မိုးမခအထောက်တော် (နယူးယောက်)၊ ဇွန် ၁၇။ ၂၀၁၃

ဇွန် ၁၆၊ နိုင်ငံတကာဖခင်များနေ့ကို ကမ္ဘာနိုင်ငံအသီးသီး၊ အင်တာနက်စာမျက်နှာများသာမက မြန်မာပြည်သားများကလည်း ကျင်းပကြသည်။ နယူးယောက်မြို့တော်၊ မဟာအောင်မြေကျောင်းတိုက်၊ ပဌာန်းဝတ်ရွတ်အသင်းက ဖခင်များနေ့အထိမ်းအမှတ် ကောင်းမှုကုသိုလ် စုပေါင်းပြုလုပ်ခဲ့ကြသည်။ ကျောင်းထိုင်ဆရာတော် ဦ၀ိလာသကို ဆွမ်းကပ်ခြင်း၊ ဧည့်သည်များကို နေ့လည်စာကျွေးမွေးခြင်း၊ သက်ကြီး ဖခင် ၄ ဦးအား ကန်တော့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ နေ့ခင်းပိုင်းတွင် ပဌာန်းတရား ရွတ်ဆို ပူဇော်ခြင်း၊ ဆရာတော်က တရားဟောပြောခြင်းတို့နောက် ညနေ  ၃ နာရီတွင် ဆီချက်ခေါက်င်္ဆဲ ကျွေးမွေးပြီး ဖခင်များနေ့ ကုသိုလ်ပြုအစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts