MoeMaKa VDO

20 years old song

အနှစ် ၂၀ ကျော်က ၈၈တွေရဲ့ သစ္စာတေးသံ သီဆိုမှု ရုပ်သံ
မိုးမခရုပ်သံ၊ ဇွန် ၁၇၊ ၂၀၁၃

ဇွန် ၈၊ ၂၀၁၃၊ ယူတီကာမြို့နယ်၊ နယူးယောက်ပြည်နယ်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ကြိုဆိုတွေ့ဆုံခဲ့စဉ်က ဒေသခံများထဲက ကိုအောင်ကျော်မြင့်ဦးဆောင်တဲ့ မိတ်ဆွေများက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်၊ တောင်ငူထောင်မှာ၊ နိုင်ငံရေးအကျဉ်းသားများအဖြစ် ဖြတ်သန်းစဉ် ရေးစပ်သီဆိုထားခဲ့ကြတဲ့ သီချင်းကို ပြန်လည် တင်ဆက်သီဆိုခဲ့ကြပါတယ်။ သံစဉ်နဲ့ တင်ဆက်မှုကို ယှဉ်တွဲကြည့်ရှုနိုင်ပါပြီ။

သစ္စာတေးသံ

(Ko Kyaw Min Oo)
ငါတို့တစ်တွေ အမိရင်ခွင်နဲ့ဝေးခဲ့တာ…နှစ်လရှည်ကြာခဲ့ပြီလေ
ရည်မှန်းရာလောကအသစ်ဆီ ခိုင်မြဲစွာလှမ်းဆက်ကာနေရင်း..ဒိုဝိဥဉ်တွေ
ခန္ဓာကိုယ်တွေတံတားထိုးလျှောက်ကာနေ လှမ်းခဲ့လေကွယ်….

(Ko Myint Maung)
ယူဇနာအသင်္ချေဝေးနေပါစေ ဒို့ရဲ့အားမာန်တွေ…
စိန်ခေါ်နေခရီးရက်ရှည်ကြမ်း...ယုံကြည်ချက် အပြည့်နဲ့ဖြတ်သန်း..
(ပန်းအပေါင်းဝေမယ့် လောကအသစ်ဆီ)၂
ညီညာချီချီ လှမ်းတက်ခဲ့လေ တွဲလက်မဖြုတ်တမ်းဟေ့
သမိုင်းအသစ်ဟာ ဒို့အတွက်စောင့်ကြိုနေ…

(Ko Aung Kyaw Myint)
(လောကအမှောင်အတွင်း…ရုန်းထွက်ရင်းက
သင်ခန်းစာဟာ….ဒို့အတွက်ခြေရာ..
လောကအာရုံဦး…..ပန်းဖူးမဲ့အချိန်
အနာဂါတ်ဆိုတာ…ဒို့လက်မှာလေ)

(Ko Win Aung Lwin)
ရာဇ၀င်ရထားပေါ်က ခရီးသွားတို့တတွေ..တွဲလက်မြဲမြံစေ..
တစ်ချိန်ချိန်မှာ ကိုစိုက်တာကို သိန်းရိတ်ရတာ လောကဓမ္မပါလေ
ရေလှိုင်းတွေဘယ်လိုထန်ပါစေ..တစ်နေ့ကြရင် ဒို့ရဲ့လှေအောက်မလေ..
တောင်တံတိုင်းတွေဘယ်လိုကာပါစေ ဖ၀ါးအောက်မှာဒူးထောက်ခစါးစေ
သစ္စာတရားဟာ လမ်းပြမီးအိမ်လေ
သစ္စာမီးအိမ်ထွန်းညှိ လိုက်ပါလေ…

(Ko Aung Kyaw Myint)
ရာသီကိုရင်ဆိုင်ရှင်သန် အရိုင်းပန်းတို့ ဖုန်းဆိုးမြေမှာ ရဲရဲနီနီဝေ…
သဘာဝတရားအောက်မှာ ယုံကြည်ခြင်း ရနံ့သစ်ဝတ်မှုန့်သင်းထုံလှိုင်လှုင်ဝေ..

(Ko Zaw Thet Htwe)
ပျောက်ဆုံးနေသော လောကမနက်ဖြန် ပွင့်မယ့်အာရုံဦး…
ရည်စူးမျှော်လင့် ဘ၀ရဲ့အားမာန်တွေ တောက်ပရှင်သန်ဖို့..
သစ္စာတေးကိုရေးဖွဲ့ခဲ့တယ်လေ..

(Ko Yin Htwe)
ပစ္စုပ္ပန်ခြေလှမ်း.. နိုးထခဲ့စဉ် နှောင်ကြိုးအသွယ်သွယ်..တိုးဖြတ်ဒို့ကျော်နင်း
ရဲရင့်သူစစ်တမ်း .. ကဗျဉ်းထိုးမယ့်အချိန်..ကြိုလင့်လက်ကမ်း.. ဒို့ရဲ့မနက်ဖြန်တွေ…

(Ko Win Aung Lwin)
(ရာဇ၀င်ရထားပေါ်က ခရီးသွားတို့တတွေ..တွဲလက်မြဲမြံစေ..
တစ်ချိန်ချိန်မှာ ကိုစိုက်တာကို သိန်းရိတ်ရတာ လောကဓမ္မပါလေ
ရေလှိုင်းတွေဘယ်လိုထန်ပါစေ..တစ်နေ့ကြရင် ဒို့ရဲ့လှေအောက်မလေ..
တောင်တံတိုင်းတွေဘယ်လိုကာပါစေ ဖ၀ါးအောက်မှာဒူးထောက်ခစါးစေ
သစ္စာတရားဟာ လမ်းပြမီးအိမ်လေ
သစ္စာမီးအိမ်ထွန်းညှိ လိုက် ပါလေ …)

(Ko Aung Kyaw Myint)
(ရာသီကိုရင်ဆိုင်ရှင်သန် အရိုင်းပန်းတို့ ဖုန်းဆိုးမြေမှာ ရဲရဲနီနီဝေ…
သဘာဝတရားအောက်မှာ ယုံကြည်ခြင်း ရနံ့သစ်ဝတ်မှုန့်သင်းထုံလှိုင်လှုင်ဝေ..)

(Ko Zaw Thet Htwe)
(ပျောက်ဆုံးနေသော ဒို့ရဲ့မနက်ဖြန် ပွင့်မယ့်အာရုံဦး…
ရည်စူးမျှော်လင့် ဘ၀ရဲ့အားမာန်တွေ တောက်ပရှင်သန်ဖို့..
သစ္စာတေးကို ကျူးရင့် လိုက် ပြီလေ…..)
(Ko Zaw Thet Htwe)
မုန်တိုင်းကြားမှာ တွဲလက်မြဲမြံစေ…
ရည်စူးမနက်ဖြန် လှမ်းလျှောက်ရမယ်လေ…
ဒီလှိုင်းကြားမှာ ဒုက္ခဖေးကူစေ…
စုံဆည်းဖို့ရာ ကမ်းလက်မျှမယ်လေ…

မုန်တိုင်းကြားမှာ တွဲလက်မြဲမြံစေ…
မုန်တိုင်းကြားမှာ တွဲလက်မြဲမြံစေ. …
မုန်တိုင်းကြားမှာ တွဲလက်မြဲမြံစေ.. ဟေ။ ဟေ။ ဟေ..။






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts