News

News

ရွှေတွံတေးဆရာတော် ကိုယ်ထူကိုယ်ထစာသင်ကျောင်း ဖွင့်လှစ်ရေးဆွေးနွေး
ချမ်းမြ (မိုးမခအထောက်တော်)
ဇွန် ၁၇၊ ၂၀၁၃

မဟာချိုင်ရောက်နိုင်ငံသားတိုင်းရင်းသားများ၏ ကလေးငယ်များ မြန်မာစာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်ရေးအတွက် မဟာချိုင်လူမှုအဖွဲ့ များ ဘာသာရေးအဖွဲ့ များ စိတ်ပါဝင်စားသူများဆွေးနွေးပွဲသို့ ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့သည်။
ကိုယ်ထူကိုယ်ထကျောင်းများကိုအခက်အခဲများကြားက ဖွင့်လှစ်ခဲ့ရာ ကန်ပူရီကျောင်းတွင် ကျောင်းသား ၁၆၀ ဦး ဘန်ထိုလကျောင်း တွင်ကျောင်းသား ၃၀ ဦးကံဖာကျောင်းတွင်ကျောင်းသား ၂၀ ဦး ပညာသင်ကြားလျက်ရှိသည်။ သက်တမ်း ၄ နှစ်ကျော်ခဲ့ပါပြီး။

ရွှေတွံတေးဆရာတော်က ….. ကိုယ်ထူကိုယ်ထကျောင်းဆိုတာ အခက်အခဲတွေအများကြီးရှိမှာပဲ ပညာခေတ်မှာ ကိုယ့်မျိုးဆက်သစ်က လေးတွေ မိခင်စာတတ်မြောက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါ – တစိုက်မတ်မတ် စိတ်ဓါတ်နဲ့ ပူးပေါင်းညှိနှိုင်းသွားကြရင် အောင် မြင်မှာဘဲ သက်ဆိုင်ရာတွေကကူညီပံ့ပိုးပေးကြရင်တော့ပိုကောင်းတာပေါ့ – အခုထိတော့ ထူးထူးခြားခြားမရှိသေးပါဘူး ……… စသဖြင့် မိန့် ကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts