>Burmese in London honor Burmese National Leaders and Nationlists

>

လန်ဒန်ရောက် မြန်မာများနဲ့ ရဟန်းသံဃာတော်တို့က ပြည်တွင်းရှိ မြန်မာအမျိုးသားရေး စွမ်းဆောင်သူတို့ကို ဂုဏ်ပြု
ရုပ်မြင်သံကြားမှတ်တမ်း
ဧပြီ ၂၂၊ ၂၀၀၁၀
ဗြိတိန်၊ လန်ဒန်ရှိ သာသနရံသီဝိဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရ ဦးဆောင်ပြီး မြန်မာမိသားစုများ စုစည်းကြတဲ့ နှစ်စဉ် အစီအစဉ်တခုအဖြစ် ပြည်တွင်းရှိ မြန်မာအမျိုးသားရေး စွမ်းဆောင်သူတို့ကို ဂုဏ်ပြုကြပါတယ်။
ဂုဏ်ပြုကြရာမှာ မြန်မာပြည် ဒီမိုကရေစီရေးခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စွန့်လွှတ် ကာကွယ် ဆောင်ရွက်သူအဖြစ် စာနယ်ဇင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၂၀၀၇ သံဃာအရေးအခင်း၏ မှတ်တမ်းရုပ်ရှင်ကို မော်ကွန်းတင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခံရသူ အနုပညာရှင်ကိုဝင်းမော် နဲ့ မြန်မာပြည်၏ ဗုဒ္ဓသာသာနာ့အရေးကိစ္စများကို ရဲရင့်စွာ ဖော်ထုတ်ဟောပြောသဖြင့် စစ်အစိုးရ၏ ဖမ်းဆီထောင်ချခြင်းခံထားရသော သံဃာတော်၊ မန္တလေးမစိုးရိမ်တိုက်၏ နယကတပါးအဖြစ် ဆောင်ရွက်ခဲ့သူ၊ သာသနာ့ဂုဏ်ဆောင် သကျသီဟ “ဘိဝံသ” ဘွဲ့ရ ဆရာတော် ဦးဝေလ္လသူတို့ကို မြန်မာပြည်ရဲ့ အမျိုးသားရေးစွမ်းဆောင်သူများအဖြစ် ဂုဏ်ပြုကြတယ်လို့ သိရပါတယ်။
ဒီကနေ – ရုပ်မြင်မှတ်တမ်းကို ကြည့်ရှုနိုင်ပါတယ်။ http://moemaka.net/images/stories/videos/mma-london-2010.avi

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts