>Burmese in London celebrated Burmese Thagyan New Year Festival

>

ဗြိတိန်နိုင်ငံ၊ လန်ဒန်ရောက် မြန်မာများ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဆင်နွှဲ

ချမ်းမြစိုးဘလောဂ့်

ဧပြီ ၂၂၊ ၂၀၁၀

လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။

ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။

ဧည်သည်အဆိုတော် အန်တီမာမာအေးကလည်း ၂၀၁၀ မြန်မာနှစ်သစ်ကူးအတွက် ရေးစပ်သီဆိုထားတဲ့ မင်္ဂလာအမိမြန်မာပြည်ဆိုတဲ့ သီချင်းလေးကိုလည်း ဖျော်ဖြေပေးသွားပါသည်။

သင်္ကြန်ပွဲတွင် မှတ်တမ်းတင်ရိုက်ကူးထားသော Video ကို ကျောင်းတော်ကြီးတည်ဆောက်ရန် ရံပုံငွေအဖြစ် မကြာမီရောင်းချသွားမှာဖြစ်လို့ ကုသိုလ်ယူ ဝယ်ယူအားပေးကြပါရန် နှိုးဆော်အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts