>Burmese in Japan celebrtate Thagyan under Cherry Trees

>

ဂျပန်ရောက် မြန်မာတို့ ချယ်ရီပင်အောက်မှာ သင်္ကြန်ပွဲကျင်းပ
မိုးမခအထောက်တော် ဂျပန်
ဧပြီ ၁၃၊ ၂၀၁၀
          ၂၀၁၀ ခုနှစ် တိုကျိုသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျို၊ နာကာနိုမြို့နယ်၊ ဟီနိုကာရှီဒါပန်းခြံမှာ ၂၀၁၀ ဧပြီ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲမှ ညနေ ၅ နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ နှစ်စဉ်ကျင်းပလာခဲ့တာ ယခုဆိုရင် ၁၉ ကြိမ် ရှိပြီဖြစ်ပါတယ်။ တိုကျိုက မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (LDB) က  တာဝန်ယူကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ရှိ မြန်မာအဖွဲ့အစည်းများ၊  တိုင်းရင်းသားများ ပူးပေါင်းပါဝင်ကြပါတယ်။
ဂျပန်လူမျိုးများ၊ ကနေဒါ၊ ပြင်သစ်နှင့် အာရှနိုင်ငံများမှ လူမျိုးပေါင်းစုံ လာရောက်ကြတာ ဒီနှစ်မှာ ထူးခြားစွာ တွေ့မြင်ခဲ့ရပါတယ်။
“မနှစ်က ဂျပန်တွေ၊ လူမျိုးခြားတွေ မလာကြဘူး။ မြန်မာချည်းပဲ ၂၅၀၀ လောက် လာခဲ့ကြပါတယ်။ ဒီနှစ် ၃၀၀၀ လောက် အထိ လာကြတယ်လို့ ခန့်မှန်းထားတယ် …”
လို့ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး မြန်မာဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးလှိုင်အေးက မိုးမခ သို့ ပြောကြားခဲ့ပါတယ်။
စင်မြင့်ထက်မှာ ရွေးကောက်ပွဲအား ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း စာတန်းများ ရေးထိုးထားပါတယ်။ အငြိမ့်၊ ခေတ်ပေါ်တေးဂီတ၀ိုင်းများ၊ ယိမ်းအကနှင့် မဂ်လာဒိုး အနုပညာအင်အားစုမှ သံချပ်များ၊ သင်္ကြန်အကများနှင့် စုံလင်စွာ တင်ဆက်နိုင်ခဲ့ပါတယ်။ စင်မြင့်ရဲ့ဘေးတဖက်တချက်မှာ တိုင်းရင်သားရိုးရာ စားသောက်ဆိုင်များ၊ မြန်မာပြည်အလွမ်းပြေ သင်္ကြန်ရိုးရာစားစရာဆိုင်များနဲ့ စည်ကားတာကို တွေ့ရပါတယ်။
ဓါတ်ပုံ   မဂ်လာဒိုးအနုပညာ အင်အားစုနှင့်အတူ သင်္ကြန်ပွဲ ဖျော်ဖြေနေသော  ရဲဘော်ကိုသံခဲ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts