>Moe Yan Ma Ka – Rangoon Thagyan according to General’s grandson

>

အလိုတော်ကျ ရန်ကုန်သင်္ကြန်

မိုးယံမခ
ဧပြီ ၁၂၊ ၂၀၁၀
မြန်မာပြည်မှာတော့ ဒီနှစ်နွေက သိပ်ကြမ်းပါတယ်။ အယ်လ်နီညိုးဝင်နေတာလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ကိုတော့ နေပြည်တော်မှာ ၀ှဲချီး ကျင်းပဖို့ စစ်အစိုးရက ပြင်ထားပြီးပါပြီ။ ရန်ကုန်က မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ၊ တီးဝိုင်းတွေ နေပြည်တော်ကို အကုန်ဆင့်ခေါ်ထား၊ မဏ္ဍပ်တွေ ဆောက်၊ ရေပိုက်တွေ သွယ်နဲ့ အရမ်းပူနေတဲ့ နေပြည်တော်မှာ သင်္ကြန်ရေက ဘေးကင်းတယ် ဆိုပေမယ့် အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်တာတွေ အခုတလောမှာ အတော်ကြားနေရပါတယ်။

စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲ ဆိုတာတွေနဲ့ ရောင်းအားမြှင့်ထားတဲ့ အချိန်မှာ နေပြည်တော်သင်္ကြန်ဆိုတာနဲ့ ပရိုမိုးရှင်းပဲလား၊ အထူးလျော့ဈေးပဲလား ထပ်လုပ်နေပြန်ပါတယ်။ ဒါကြောင့် ရန်ကုန်သင်္ကြန်၊ မန္တလေးသင်္ကြန်ဆိုတာတွေလည်း ဘယ်သူမှ စိတ်မ၀င်စားအောင် အလိုလို လုပ်ထားပြီးသားပေါ့။

          ဒါပေမယ့် ဗိုလ်ချုပ်ကတော်များ အသိုင်းအ၀ိုင်းရဲ့ အဆိုအရ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးတော်လေးက နေပြည်တော်မှာ ရေတော်မကစားလိုဘဲ ရန်ကုန်မှာသာ သင်္ကြန်တော် ကျချင်တယ် ဆိုလို့ ဗြုန်းစားကြီး ကန်တော်ကြီးပတ်လည်မှာ သင်္ကြန်မဏ္ဍာပ်တွေ အားချင်း ဆောက်နေကြလေရဲ့။

          “မြန်မာရိုးရာသင်္ကြန်ကို ဆင်နွှဲကြမယ့် ရေကစားမဏ္ဍာပ်တွေကလည်း ကုမ္ပဏီကြော်ငြာနဲ့ ဘိုလိုနာမည်တွေနဲ့ အလိုတော်ကျသင်္ကြန်ကို ဖြည့်ဆီးနေရတာပဲဗျာ” ဆိုပြီး ရန်ကုန်သားတဦးက လူထုနဲ့ ဝေးနေရတဲ့ ၂၀၁၀ သင်္ကြန် ပြင်ဆင်ထားမှုကို ရင်ဖွင့်ခဲ့ပါတယ်။

          (ဓာတ်ပုံများ – ကန်တော်ကြီးပတ်လမ်းတွင် အမြန်ဆောက်နေကြသည့် ကုမ္ပဏီရေကစားမဏ္ဍာပ်များ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts