>2 Year Passing Daw Khin Mar Aye held at her home

>

ဒေါ်ခင်မာအေး ၂ နှစ် မြောက် အမှတ်တရဆွမ်းကျွေးပြုလုပ်

မိုးယံမခ
ဧပြီ ၁၂၊ ၂၀၁၀
ယမန်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက်၊ ရွာလယ်လမ်း၊ အမှတ် ၈၄၅ မှာ ဒေါ်ခင်မာအေး ကွယ်လွန်ခြင်း ၂ နှစ်မြောက် အမှတ်တရပွဲကို ကျင်းပခဲ့ပါတယ်။ စာပေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ပရိသတ်များ၊ ဦးမောင်မောင်ခင်၊ ဦးဝင်းတင်၊ ဦးလှရွှေ
 သခင်သိမ်းမောင်၊ မောင်မိုးသူ
မောင်ဝံသ၊ ဧည့်ပရိသတ်များ

ဦးဝင်းတင်၊ မောင်မိုးသူ၊ သခင်သိမ်းမောင်၊ မောင်ဝံသ စတဲ့ ပုဂ္ဂိုလ်များလည်း တွေ့ခဲ့ရပါတယ်။

ဒေါ်ခင်မာအေးဟာ ၁၉၆၁ – ၁၉၆၂ ရန်ကုန်တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၆၂ နှစ်လယ် ကျောင်သားခေါင်းဆောင် ကိုလှရွှေနဲ့ လက်ထပ်ခဲ့ပြီး ကမာရွတ် ကျားစံပြ အထက်တန်းကျောင်းနဲ့ အခြား အလွတ်ပညာသင်ကျောင်းအချို့မှာ အထက်တန်းပြဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦးရဲ့ ကောင်စီဝင်တဦးဖြစ်ပြီး သီရိဆောင်နဲ့ မာလာဆောင် သဟာယနဲ့ စာဖတ်အသင်းအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
၁၉၆၁ – ၆၂ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ ၁၉၆၇ မှ ၇၁ အထိ ရေကြည်အိုင် စစ်ထောက်လှမ်းရေး စစ်အကျဉ်းစခန်းမှာ အခြား ကျောင်းသူခေါင်းဆောင် ၂ ဦးနှင့်အတူ ၄ နှစ်နီးပါး ဖမ်းဆီးချုပ်နှောင် ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ၁၉၉၃ မှာ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက် ဖြန့်ဝေမှုအတွက် ပုဒ်မ ၅ (ည)နဲ့ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပါတယ်။

  အံ့မောင်ရဲ့ ကဗျာ
 
မိသားစုနှင့် မိတ်ဆွေများ ကဗျာ

ဒေါ်ခင်မာအေးရဲ့ ခင်ပွန်းဖြစ်သူ ဦးလှရွှေဟာ စစ်အာဏာရှင်တို့ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ အတွက် ကိုကိုးကျွန်းပို့ခံရ၊ စစ်အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းကျ ခံခဲ့ရတဲ့အတွက် မိသားစုဘ၀မှာ အိမ်ထောင်သက် ၄၅ နှစ်မှာ ထောင်သက် အနှစ် ၃၀ နီးပါး ရှိခဲ့ပြီး ယုံကြည်ချက်ကို ဘာနဲ့မှ မလဲတဲ့ ဇနီးမောင်နှံဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးက အခုလို ပြောပြပါတယ်။
“အန်တီ ဒေါ်ခင်မာအေးက ခပ်အေးအေး နေတတ်ပေမယ့် ယုံကြည်ချက်နဲ့ ပတ်သက်ရင် စိတ်ဓာတ်က ခိုင်မာပြတ်သားတယ်။ စစ်အစိုးရက လင်မယား ၂ ယောက်စလုံးကို ထောင်ထဲထည့်ထားပြီး ဘ၀တွေကို သတ်ပစ်ခဲ့ပေမယ့် သူတို့ယုံကြည်ချက်တွေက သူတို့ဘ၀တွေကို ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်”
ဒေါ်ခင်မာအေး အမှတ်တရ အလေးပြုကြတဲ့ ကဗျာတွေ စာတွေကိုလည်း ဆွမ်းကျွေးမှာ အမှတ်တရ ဝေငှဖတ်ရှုကြတာကို တွေ့ရပါတယ်။

 မောင်အောင်ပွင့်ကဗျာ





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts