>Phyu Phyu Thin becomes a member of NLD CC

>

NLD ဗဟိုဦးစီးအဖွဲ့တွင် မဖြူဖြူသင်း တာဝန်ပေးခံရ၊
အကျဉ်းသား အများအပြားလည်း ပါဝင်

မိုးမခအထောက်တော် အမှတ် ၀၀၂
မတ် ၄၊ ၂၀၁၀
ပြီးခဲ့သည့်လက တွေ့ရသည့် မဖြူဖြူသင်း (photo – moemaka)

HIV/Aids ပညာပေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းများလုပ်ဆောင်နေသည့် မဖြူဖြူသင်း အပါအ၀င် အဖွဲ့ဝင် ၁၀၀ ကို ဗဟိုဦးစီးအဖွဲ့တွင် တာဝန်ပေးလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် NLD၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။


မဖြူဖြူသင်းသည် ၁၉၉၁ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည့် နေ့တွင် ဖြစ်ပေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ် သင်ယူခဲ့သည်။

၁၉၉၈ ခုနှစ်မှ စတင်ပြီး NLD အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အင်းစိန်ထောင်အတွင်း ၄ လကြာ ထိန်းသိမ်းခံရသည်။ ၂၀၀၂ ခုနှစ်တွင် HIV/AIDS ပညာပေးသင်တန်းတခုကို တက်ရောက်ခဲ့ပြီး နောက်ပိုင်း HIV/AIDS လူနာများကို ကူညီခဲ့သည်။ မဖြူဖြူသင်းသည် အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။

အဖွဲ့ဝင် ၁၀၀ စာရင်းတွင် ဦးသိန်းဦး၊ ဦးစိုးဝင်းတို့ ၂ ဦး၏ အမည်ကိုလည်း တွေ့ရသည်။ ထို ၂ ဦးသည် NLD ၏ အရံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ ပါတီ ခေါင်းဆောင်များဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ထိုပါတီမှ ၃ ဦးသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။ ၎င်းတို့မှာ ဦးသိန်းဦး၊ ဦးစိုးဝင်း နှင့် ပြည်ပရောက် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းတို့ ဖြစ်သည်။

ဗဟိုဦးစီးအဖွဲ့တွင် အမျိုးသမီး ၁၃ ဦး၏ အမည်ကို တွေ့ရသည်။

ဒေါ်ခင်သန်း (စစ်ကိုင်းတိုင်း)
နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)
ဒေါ်လှလှမိုး (ပဲခူးတိုင်း)
ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
ဒေါ်ဝင်းမြမြ (မန္တလေးတိုင်း)
ဒေါ်အုန်းကြည် (မန္တလေးတိုင်း)
ဒေါက်တာဒေါ်သန်းငွေ (ရှမ်းပြည်နယ်)
မဖြူဖြူသင်း (ရန်ကုန်တိုင်း)
ဒေါ်ခင်ခင်ဝင်း (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်မြင့်မြင့်စိန် (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်လဲ့လဲ့ (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်မေနှင်းကြည် (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဒေါ်အေးအေးမာ (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)

အကျဉ်းကျနေသူ ၁၁ ဦး၏ အမည်ကိုလည်း တွေ့ရသည်။

ဦးဝင်းထိန် (ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန်ခံ)


ဒေါ်ခင်ခင်ဝင်း (ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့)
ဦးဝင်းထိန် (ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့တာဝန်ခံ)
ဦးကျော်ဆန်း (စစ်ကိုင်းတိုင်း)
ဦးစောလှိုင် (စစ်ကိုင်းတိုင်း)
ဦးဝင်းမြင့်အောင် (စစ်ကိုင်းတိုင်း)
ဒေါ်ဝင်းမြမြ (မန္တလေးတိုင်း)
ဦးသန်းလွင် (မန္တလေးတိုင်း)
ဦးညီပု (ရခိုင်ပြည်နယ်)
ဦးကျော်ခိုင် (ရခိုင်ပြည်နယ်)
ဦးခင်လှ (ရခိုင်ပြည်နယ်)
ဦးကျော်ခင် (ရှမ်းပြည်နယ်)

NLD ဗဟိုဦးစီးအဖွဲ့ အမည်စာရင်းကို http://above-3-or-4-pages.blogspot.com/2010/03/nld-cc-100.html တွင် အပြည့်အစုံ တွေ့နိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts