>NLD U Tin Oo back on duty at Party’s headquarter

>

အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးတင်ဦး ပါတီတာဝန်များပြန်လည်ထမ်းဆောင်ပြီ
မိုးမခဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၀
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ မှ အကျယ်ချုပ်က လွတ်မြောက်လာသူ အင်န်အယ်ဒီပါတီခေါင်းဆောင်၊ ဒုက္ကဋ္ဌ ဦးတင်ဦးသည် ယမန်နေ့ကစပြီး ပါတီရုးံချုပ်တွင် မူလထမ်းဆောင်ခဲ့သော ပါတီတာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုကြီးတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စစ်အစိုးရ၏ ဖမ်းဆီးအကျယ်ချုပ်ချခံခဲ့ရသူ အတိုက်အခံခေါင်းဆောင် ဦးတင်ဦးမှ ကျန်းမာရေးကောင်းမွန်လျက် ရှိပြီး ပါတီဝင်များနှင့် ပြည်သူလူထု၏ အထူးချစ်ခင်ကြည်ညိုခြင်း ခံထားရသူ တပ်မတော်ခေါင်းဆောင်ဟောင်းတဦးလည်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts