>U Tin Moe’s – How to compose Burmese poem – copy in ebook

>

ကဗျာဆရာကြီး (ဦး) တင်မိုး၏ လူမသိသူမသိစာတအုပ် – 
“မြန်မာကဗျာဖွဲ့နည်း” မိတ္တူ အင်တာနက်မှာ ထွက်
စာအုပ်စင်သာဂိ
37d93d70f7

ဇန်န၀ါရီ ၁၉၊ ၂၀၁၀

          မိုးမခမီဒီယာမှာ စာရေးဆရာမောင်စွမ်းရည်က သူ့သူငယ်ချင်း (ကွယ်လွန်သူ) ကဗျာဆရာကြီး (ဦး) တင်မိုးရဲ့ ယခင်က ကျောင်းသုံးအဖြစ်လေ့လာသင်အံရန် ရေးသားခဲ့တဲ့ “မြန်မာကဗျာဖွဲ့နည်း (အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ) ၁၉၈၅ ခုနှစ်” စာအုပ်တအုပ်အကြောင်း ရေးသားခဲ့ပြီးနောက်၊ ဆရာမောင်စွမ်းရည်ကတဆင့် ၎င်းစာအုပ်မိတ္တူကို မြန်မာအိုင်အက်စ်ပီအဖွဲ့က ရယူပြီး မိတ္တူအီးဘုတ်လုပ် ဖြန့်ချိလိုက်ပါတယ်။ ဟောသည်နေရာမှာ ဖတ်ရှုနိုင်ပါပြီ။
          MyanmarISP dot com က ကောက်နုတ်ထားရမှာ – “. . . မဆလခတ် ပညာဝန်ကြီး ဦးကျော်ညိမ်းက စစ်ဗိုလ် မဟုတ်လား။ ပညာရေးကို ဘာမှမသိဘူး။ ဒါကြောင့် အခြေခံပညာကို အဆင့်မြှင့်ချင်လို့ ဆိုပြီး ၁ဝ တန်း အထက်မှာ ၁၁ တန်းလို့ တဆင့်မြှင့်ချင်သတဲ့။ သူ့ခေတ်မှာ အပြောင်းအလဲကြီး တခု လုပ်ခဲ့ချင်တယ် ဆိုတဲ့ သဘောလဲ ပါတယ်။ ဒါကြောင့် သင်ရိုးအဖွဲ့တွေမှာ လုပ်ရင်းကိုင်ရင်းက နေ့ချင်းညချင်း ဆိုသလို တဆင့်လဲ မြင့်အောင် အချိတ်အဆက်လဲ မိအောင် ပြင်ကြ ဆင်ကြရတယ်။ ၁၁ တန်း စိတ်ကြိုက်မြန်မာစာ အတွက် ကဗျာစပ်နည်း စာအုပ် ထည့်မယ်။ ခေတ်နဲ့ညီအောင် အသစ် ပြုစုမယ်။ ဒီအတွက်ကတော့ တဖွဲ့လုံး ဝိုင်းရေးလို့ ဖြစ်တာမျိုး မဟုတ်ဘူး။ တဦးတည်း ပြုစုရမယ် ဦးဘဂျမ်း (ကဗျာဆရာ တင်မိုး) ဟာ ရှေးကဗျာတွေကို ကျွမ်းကျင်သူ ဖြစ်တဲ့အတွက် သူ့ကိုပဲ တာဝန် ပေးရမယ်လို့ အားလုံး ( မြန်မာစာ သင်ရိုး အဖွဲ့ဝင်များ) သဘောတူတယ်။ နေ့ချင်းညချင်း ဆိုသလို တင်မိုးကလဲ မကြုံစဖူး ဝီရိယနဲ့ ပြုစုလိုက်လို့ စာအုပ်ကလေး ဖြစ်လာတယ်။ စေတနာထားရှာလို့ပါ နာမည်ခံခွင့် မရှိပါ။ . . . x x x . . . တင်မိုးပြုစုတဲ့ စာအုပ်ကလေးကို အဲ့ဒီတုန်းက မြန်မာစာ သင်ရိုးအဖွဲ့ ဝိဇ္ဇာဌာနခွဲမှုး ဦးဘကောင်း (ကျောင်းသား ခေါင်းဆောင်ဟောင်း) နဲ့ ကျနော်တို့ နှစ်ယောက် တာဝန်အရ တည်းဖြတ်ပြီး ချက်ချင်း စက်တင် ပုံနှိပ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ပရုဖတ်ပါတယ်။ စာအုပ်ကလေး လှလှပပ ထွက်လာပါတယ်။ ၁၉၈၅ ခုနှစ်မှာပါ။ ပြီးလဲပြီးရော ၁၁ တန်း ပြန်ဖြုတ်စေလို့ ဝန်ကြီးက ပြန်လည် ပြင်ဆင်ပြန်ပါတယ် . . . (တင်မိုးရေးတဲ့ ‘လူမသိသူမသိ စာတအုပ်’၊ မောင်စွမ်းရည်၊ ဒီဇင်ဘာ ၁၇၊ ၂ဝဝ၉၊ မိုးမခမှ) . . . “

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts