>Maung Yit – 2010 Cartoon

>

၂၀၁၀ ကာတွန်း
မောင်ရစ်
ဒီဇင်ဘာ ၃၁၊ ၂၀၀၉
 
အင်း …
ဒီနှစ်သစ်မှာတော့ဖြင့်
ဟိုတုန်းကလို …
အခါအခွင့်သင့်တိုင်း
အတိတ်ကို တစစီဖဲ့ပြီး မြည်း မနေတော့ပါဘူး။
အဲသလိုပါပဲလေ ဆိုပြီးတော့
ပစ္ဇုပ္ပန်ကြီးကိုလည်း ရေစုန်မမျောတော့ပါဘူး။
မျောရင်းနဲ့ ကမ်းမမြင် လမ်းမမြင်ဆိုပြီး
အနာဂတ်ကြီးကိုလည်း လက်ညိုးထိုး ရောင်းမစားတော့ပါဘူး။
အင်း …
အရေးကြီးတာက
နံမယ်မကြီးတိုင်းလဲ
ပရိသတ်ကြီးက ညံ့လွန်းလို့ ဆိုပြီး
အပြစ်တွေ တင်မနေတော့ပါဘူး။
အင်း …
ဒီလိုသာ စိတ်သစ်လူသစ်နဲ့သာ ဆို
၂၀၁၀ မှာ သိပ်စားသာမယ် မထင် …
အို ဘာပဲ ဖြစ်ဖြစ် …
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေသတည်း ပေါ့
သာဓု သာဓု။   

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts