>updated on phone call charges

>

ဖုန်းခေါ်ဆိုခ တိုးမြှင့်ရာတွင် လိုင်းဖုန်းများ ပါဝင်ခြင်းမရှိ
သန်းစိုးလှိုင်၊ ရန်ကုန်
ဇန်န၀ါရီ ၁၊ ၂၀၁၀ မိုဘိုင်းဖုန်းနှင့် ဆိုက်ကားခရီးသည် (ဓာတ်ပုံ – Swiatoslaw Wojtkowiak)


ယနေ့မှ စ၍ တိုးမြှင့်လိုက် တယ်လီဖုန်း ခေါ်ဆိုခများထဲတွင် လိုင်းဖုန်း (ကြိုးသွယ်သည့် ရုံးနှင့် အိမ်သုံးဖုန်းများ) များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ခေါ်ဆိုခ တိုးမြှင့်ရာတွင် ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၄၅၀၊ ၈၀၀ မီဂါဟတ်ဇ် စနစ်သုံး မိုဘိုင်းဖုန်းများသာ ပါဝင်သည်ဟု ဆိုသည်။ ထို မိုဘိုင်းဖုန်းများမှာ တမိနစ်ခေါ်ဆိုခ ၂၅ကျပ် ကျသင့်ခဲ့ကြောင်း၊ ယနေ့မှ စပြီး ကျပ် ၅၀ ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ခေါ်ဆိုခ တိုးမြှင့်ခြင်းကို အစိုးရက တရားဝင် ကြေညာခြင်း မရှိသေးပါ။

(ယမန်နေ့က ဖော်ပြခဲ့သည့် သတင်း http://moemaka.com/index.php?option=com_content&task=view&id=5552&Itemid=1 နှင့် ဆက်စပ်ဖတ်ရှုနိုင်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts