>Burmese Illustration Art Works Exhibits in Rangoon

>

ပန်းဆိုးတန်းတွင် သရုပ်ဖေါ်ပန်းချီလက်ရာ ပြပွဲကျင်းပ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉

လွန်ခဲ့သည့် နှစ် ၃၀၊ ၄၀ ၀န်းကျင်က စာနယ်ဇင်းမျက်နှာဖုံးများအတွက် ပန်းချီဆရာ အသီးသီးက ရေးဆွဲခဲ့ကြသည့် ပန်းချီလက်ရာမူရင်းများကို ပြသသည့် ပြပွဲတခုကို ပြီးခဲ့သည့် ၁၁ရက်နေ့မှ ၁၅ရက်နေ့ထိ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ စာပေလောက ၅ စာအုပ်ဆိုင်တွင် ကျင်းပခဲ့သည်။

ဦးငွေကိုင်မှ စပြီး ဦးအုန်းလွင်၊ ဘလုံလေး၊ ဦးကိုလေး၊ ဦးသန်းအောင် ၊ စံတိုးအလယ် မောင်ကျော်ညွန့်၊ မောင်မောင်သိုက်နှင့် မြိတ်ဝင်းထိန် အဆုံး ပန်းချီဆရာ ၁၅ဦး၏ လက်ရာများကို ပြသပြီး အဆိုပါလက်ရာများအနက် တကားနှစ်ကားမှလွဲလျင်  ကြိုက်နှစ်သက်ပါက ၀ယ်ယူနိုင် သည်ကိုလည်း သိရှိရသည်။ အက်ဖ်အီးစီ ၅၀၊ ၁၀၀မှ ၂၀၀ကျော်အထိ တန်ဖိုးသတ်မှတ်ထားသည် ကိုတွေ့ရှိရသည်။

ဆရာသော်တာဆွေ၊ တက္ကသိုလ်ဖုန်းနိုင်၊ တက္ကသိုလ် တင်မြင့် အစရှိသည့် စာရေးဆရာများ၏ ၀တ္တု မျက်နှာဖုံး သရုပ်ဖေါ်ပုံများကို ရှားရှားပါးပါး တွေ့ရှိရသည်။ ယနေ့ခေတ်တွင် မျက်နှာဖုံးသရုပ်ဖေါ်များကို အများအားဖြင့်ု ကွန်ပျူတာ မျက်နှာပြင်တွင် ဒီဇိုင်းဆွဲသရုပ်ဖေါ်လေ့ရှိကြသော်လည်း ထိုခေတ်ထိုအခါက လက်ဖြင့် ပန်းချီရေးဆွဲပြီးမှ ဖလင်ရိုက်ကြသဖြင့် မူရင်းရေးဆွဲသည့် လက်ရာများ ယခုလိုကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ 

ယခုလက်ရာများကို ကြည့်ရှုခြင်းအားဖြင့် ထိုခေတ်ထိုအခါက ၀တ်စားဆင်ယင်မှု၊ စာအုပ်တန်ဖိုး တို့ကိုစိတ်ဝင်စားဖွယ် တွေ့မြင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် တက္ကသိုလ်တင်မြင့်၏ ပိုးချည်မျှင်ဖြင့် ညွှတ်ဆင်သည် ၀တ္တုမှာ တန်ဖိုး ၃ကျပ်ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts