>Mar Mar Aye – Proud to be a Burmese – poem

>

ဒေါင်းသွေး ပါပဲ

မာမာအေး
ဒီဇင်ဘာ ၁၉၊ ၂၀၀၉
Made in USA
ငါမသေပါဘဲ
မြွေအရေလဲ သလို
သည်ကိုယ်နဲ့ သည်စိတ်၊ ငါ ဘယ်သွားချိတ်ရပါ့။
ပိတ်ကန် လွှင့်ပေါက်
သဘောက်မသား
သည်ငနွားတွေကြောင့်
ပြည်ကြေ မွဲခြောက်
တစစီ ကောက်ရမတတ်
အငတ်ငတ် အပြတ်ပြတ်
ပြည်သူ့ဖက်က ရပ်တော့ကာ
သူ ဘယ်ချစ်ရှာမှာလဲ။
“ငါ့အသဲ၊ ငါ့ဘ၀၊ ငါ့ဂီတ” ကို ကြိုးတုတ်
ဖြုတ် – ထုတ် – သတ် အပြတ်ရှင်း
သူပုန်ဇာတ်သွင်းသော်လည်း
ပြေခြင်းကြီးနဲ့ ဖြေ ငါ့ကုသိုလ်ပေပဲ။
လဲ လဲ ကွဲ ကွဲ တယောက်ထဲ
မရဏာပွဲ ရောက်သည်အထိ
မေတ္တာအတိ သစ္စာရှိမယ့်
အမိမြန်မာ + ဖမြန်မာ သွေး
ဗမာမလေးပါ စိတ်သာချ
ဒေါင်းသွေးကြွကြွ ဒေါင်းမမ။       ။
(ဒီဇင်ဘာ ၁၊ ၂၀၀၉ ညနေခင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts