>Zay Hmine – Clouds

>

တိမ်များကိစ္စ
ဇေမှိုင်း
ဒီဇင်ဘာ ၆၊ ၂၀၀၉
 တိမ်တွေ
နိမ့်ကိုင်း ပြိုကျလုမတတ်
တိမ်တွေ …
နှလုံးသားထဲ တည့်တည့်ဝင်လာတဲ့ ဓါး
ပုတ်များမချမိရင်တော့  သွားပြီ
အဲဒီလို နေ့များမှာမှ
ငမိုက်သား … တဲ့
ပြောတယ်။

တိမ်တွေ …
ရသမျှ ဖူးချင်
ပွင့်လန်းချင်တာပေါ့
အဲဒါကိုက ရှုံးတာပါ့ … တဲ့
ပြောကြတယ်။
တိမ်တွေ …
အိပ်မက်တွေက
ကျီးကြည့် ကြောင်ကြည့်
ဖြစ်ရပုံများ
တသက်မှာ ဘဝတပါးကို
သုံးခါ ပြောင်းရသတဲ့
ပျက်ရယ်ခံရ။
တိမ်တွေ …
တောင်ပံတွေ ခတ်လို့
လုံးသလား ပြားသလား မသေချာသေးတဲ့
ကမ္ဘာကြီးပေါ် တက်ထိုင်ကြ
ညိုမလို ပြိုမလို
ဝါသလို ပြာသလို
နီသလို စိမ်းသလို
ဘာမှ ပြောမရတော့ဘူး
ဒီမှာက အစိမ်းသေ သက်သက်နဲ့
တိမ်တွေလေ တိမ်တွေ …
တိမ်တွေပြောပါတယ်
ဒါတိမ်တွေ ကိစ္စပါပဲ
တိမ်တွေ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts