>SPDC briefly detains Win Tin

>

စစ်အစိုးရက ဦးဝင်းတင်ကို ယာယီထိန်းသိမ်း၊ စစ်ဆေးပြီး ပြန်လွှတ်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၀၉
အာဏာပိုင်တို့က ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေအိမ်မှ ခေါ်ယူသွားပြီး ညနေ ၄ နာရီတွင် ပြန်လည် ပို့ဆောင်ပေးသည်ဟု မိတ်ဆွေဖြစ်သူ ဦးမောင်မောင်ခင်က AFP သတင်းဌာနကို ပြောသည်။ “အဖမ်းခံထားရတဲ့ လူငယ်တချို့က ဦးဝင်းတင်ရဲ့ နာမည်ကို ဖော်လိုက်တာကြောင့် ခေါ်ပြီး မေးတာ တဲ့။ သူ့ကို သိက္ခာချတဲ့သဘောပါပဲ” ဟု ဦးမောင်မောင်ခင်က ပြောသည်။ (photo:AFP)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts