>Cartoon Harn Lay is busy with his art show

>

ကာတွန်းဟန်လေး ပန်းချီပြပွဲ ပြုလုပ်မည်
မိုးမခအထောက်တော် အမှတ် ၀၀၆
စက်တင်ဘာ ၁၂၊ ၂ဝဝ၉
ကိုဟန်လေး နှင့် ပြပွဲတွင် တွေ့ရမည့် သူ၏လက်ရာတခု

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ကာတွန်းဟန်လေးက ပန်းချီပြပွဲတခုကို နိုင်ငံခြားသား ပန်းချီဆရာ ၂ ဦးနှင့် ပူးပေါင်းပြီး ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်ရန် ပြင်ဆင်နေသည်။


၎င်းတို့ ၃ ဦး၏ ပန်းချီပြပွဲကို The Three Nations ဟု အမည်ပေးထားပြီး ချင်းမိုင်မြို့ ညဈေး အနီးရှိ သုဝဏ္ဏဘုမ္မိ မြန်မာပန်းချီ ပြခန်းတွင် အောက်တိုဘာ ၇ ရက်နေ့အထိ ပိတ်ရက်မရှိ ပြုလုပ်သွားမည် ဖြစ်သည်။

အသက် ၄၃ နှစ် ရှိပြီ ဖြစ်သော ဟန်လေးသည် သူ၏ ကာတွန်းများကြောင့် ကမ္ဘာသိ ပုဂ္ဂိုလ်တဦး ဖြစ်နေသည်။ သူနှင့် တွဲဘက် ပြပွဲ ပြုလုပ်မည့် နိုင်ငံခြားသား ၂ ဦးမှာ ထိုင်းနိုင်ငံမှ Mr. Narongyot Tongyoo နှင့် ဆွစ်ဇာလန် နိုင်ငံမှ Mr. Frederic Alix တို့ ဖြစ်သည်။

ထိုပွဲအပြီး ၂ ရက်အကြာတွင် မြန်မာ ပန်းချီဆရာ တဦး၏ တကိုယ်တော်ပြပွဲကို သုဝဏ္ဏဘုမ္မိ တွင်ပင် ခင်းကျင်းပြသရန် အဆင်သင့် ဖြစ်နေသည်။

အသက် ၃၇ နှစ်အရွယ် လူငယ်ပန်းချီဆရာ ကောင်းဆုက သူ၏ပွဲကို Paintings and Works on Paper ဟု အမည်ပေးထားသည်။ အောက်တိုဘာလ ၉ ရက်မှ ၂၂ ရက်နေ့ အထိ ပြသသွားမည် ဖြစ်သည်။

ရန်ကုန် ပန်းချီ ပန်ပုအနုပညာကျောင်းဆင်း ကောင်းဆုသည် ၁၉၉၅ ခုနှစ်မှ စပြီး ပန်းချီပြပွဲများတွင် ပါဝင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပထမဆုံး တကိုယ်တော် အနုပညာပြပွဲကို ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။

ကောင်းဆု၏ လက်ရာတခု

ကောင်းဆုသည် ရန်ကုန်အခြေစိုက် New Zero အနုပညာအုပ်စုမှ အနုပညာရှင်တဦး ဖြစ်သည်။ ထိုအုပ်စု၏ ယခင် အမည်မှာ Modern Art 90 ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts