>Electronic & Living ’09

>

မိုးရာသီ အီလက်ထရွန်းနစ် ပစ္စည်းရောင်းချပွဲ
မိုးမခ ဓာတ်ပုံသတင်း
စက်တင်ဘာ ၃၊ ၂ဝဝ၉

မြန်မာနိုင်ငံရဲ့ အီလက်ထရွန်းနစ်နဲ့ လူမှုနေထိုင်မှုဘဝ ဝ၉ လို့ အမည်ပေးထားတဲ့ လျှပ်စစ်ပစ္စည်းနဲ့ ကွန်ပျူတာစ္စည်း ရောင်းချပွဲကို လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ Nibban ကုမ္ပဏီက ကမကထ ပြုလုပ်ပြီး ဒီကနေ့ ကျင်းပပါတယ်။ မိုးရာသီ ကွန်ပျူတာ ပစ္စည်းရောင်းချပွဲ ကျဲပါးတဲ့ကာလမို့ လာကြည့်သူ အတော်လေး များပြားတာကို တွေ့ရပါတယ်။ လူတွေလက်ထဲတော့ ငွေကြေး ရှားပါးနေလို့ လာကြည့်သူ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် ဝယ်ယူအား နည်းနေတာကို တွေ့မြင်ရပါတယ်။
မြန်မာပြည်မှာ အင်တာနက်လိုင်းတွေ ဈေးချိုလာမယ် ဆိုရင်၊ အွန်လိုင်း ငွေပေးချေရေး စနစ်လည်း ရှိပြီး လျှပ်စစ်မီးလည်း မှန်မယ်ဆိုရင်၊ အဓိကအကျဆုံး ဖြစ်တဲ့ လူတဦးချင်း ဝင်ငွေ တိုးလာမယ်ဆိုရင် လျှပ်စစ်ပစ္စည်းနဲ့ ကွန်ပျူတာပစ္စည်းတွေပို သုံးစွဲနိုင်လာကြမှာပါ။ (photos: MoeMaKa)

တပ်မတော်ခန်းမ၌ စက်တင်ဘာ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ပြုလုပ်သည့် အိမ်သုံး အီလက်ထရွန်းနစ် ပစ္စည်းများပြပွဲ လာရောက်ကြည့်ရှုသူများ

Blue Ray အီလက်ထရွန်းနစ် ဆိုင်မှ ရောင်းအားမြှင့်တင်ရေး ၀န်ထမ်းများ။ ချိန်တွယ်သည့် ကတ္တားရောင်းရာမှာလည်း ရောင်းအားမြှင့်တင်ရေးမယ် လိုအပ်တယ်။ ပြောင်းလဲနေသော ခေတ်နှင့် အမှီလိုက်နေသည့် မြန်မာစီးပွားရေး နယ်ပယ်တွင် ယခုကဲ့သို့ လူစိတ်ဝင်စားအောင် လုပ်ဆောင်ခြင်းမျိုး တွေ့ရပါတယ်။

Plasma TV : ကျပ် ၁ဝ သိန်းဝန်းကျင် ပလပ်စမာ တီဗီများလည်း ရန်ကုန်ဈေးကွက်မှာ ဝင်ရောက်နေပြီး ငွေကြေးတတ်နိုင်သူတို့ အတွက် စိတ်ဝင်စားစရာ အသုံးအဆောင်တခု ဖြစ်လာနေပါတယ်။ သို့ပေမယ့် သာမန်အိမ်ထောင်စု တစုအဖို့မှာတော့ စီအာတီ တီဗီအဆင့်ကိုပဲ လက်လှမ်းမှီသေးတာတွေ့ရပါတယ်။

မြန်မာလို စာတိုပို့ကြမလား ဆိုတဲ့ sm 3 မိုဘိုင်းဖုန်းသုံး မြန်မာစာပို့စနစ် ဆော့ဖ်ဝဲ အရောင်းပြခန်းမှ

အီလက်ထရွန်းနစ် ပစ္စည်းဝယ်ဖို့ရာ ကံမကောင်းလို့ ငွေမရှိသေးရင်လည်း ဗေဒင်တွက်သွားဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts