>looting in Kokang area

>

ကိုးကန့်ဒေသတွင် ခိုးဆိုးလုယက်မှု များပြား
ဓာတ်ပုံ သတင်း
စက်တင်ဘာ ၃၊ ၂၀၀၉


ကိုးကန့်ဒေသရှိ သူ၏ အထည်ဆိုင်မှ ကုန်ပစ္စည်းများ လုယူခံရကြောင်း သိရသဖြင့် ငိုကြွေးနေသော ဆိုင်ရှင် တရုတ်အမျိုးသမီး။ ပြီးခဲ့သည့် လကုန်ပိုင်းက ဖြစ်ပွားသည့် ၃ ရက်ကြာ စစ်ပွဲအပြီး တရုတ် မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသတွင် ခိုးဆိုးလုယက်မှု အများအပြား ရှိခဲ့သည်။ ယနေ့ထုတ် မြန်မာသတင်းစာများတွင် ခိုးမှု ကျူးလွန်သော ဒေသခံ အရပ်သား ၅၁ ဦးကို ထောင် ၂ နှစ်စီ အပြစ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာပြည်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက လုယက်မှုများ ပြုလုပ်ခဲ့သည်ဟူသော သတင်းများလည်း တိုက်ပွဲများ အပြီးတွင် ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ထိုသတင်းများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရက တုံ့ပြန်ခြင်း မရှိသေးပေ။ (photo: AP)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts