>Ye Yint Thet Zwe – When Truth goes South

>

အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်

ရဲရင့်သက်ဇွဲ

သြဂုတ် ၂၀၊ ၂၀၀၉

ဒီလမ်း ဒီစခန်းမှာ

ဘယ်သူက သူရဲကောင်းလည်း

ဘယ်သူက ဗီလိန်လဲ

ဘယ်သူက ဘယ်သူ့ ကို

ဘယ်သူက ဘယ်သူ့ ကို

စွဲချက်တင်ရမှာတဲ့လဲ

ရိုက်ချက်ကပြင်းတယ် ။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ

တို့ ပိုင်တဲ့မြေ

အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား

လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား

ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွဲရပေါ့ ။

တကယ်တော့
သူတို့  သူမ ကို

အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း

သူတို့  နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ် ။

တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ

ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ

ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။

မျှော်လင့်ထားတဲ့အတိုင်း
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်

အားကြီးသူတို့ ရဲ့ ကိုယ်ကျိုးကြည့်မှုမှာ

တရားစီရင်ရေးကို စောင့်ရှောက်တဲ့

နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊

ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရမ့်

လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊

တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး

ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ

ဝေသာလီပြည် ဘီလူးစီးသလိုပ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts