>My MyitKyi Na – Beauty in Imperfection

>

ချို့ယွင်းချက်ထဲက အလှ

မိုင်မြစ်ကြီးနား

သြဂုတ် ၂၁၊ ၂၀၀၉

အသုဘအခမ်းအနားတခုမှာ(အနောက်တိုင်းပုံစံ) တရားဟောဆရာက သေဆုံးသွားသူရဲ့ ဇနီးကို စကားပြောဖို့ ခေါ်လိုက်ပါတယ်။ ဇနီးဖြစ်သူက စင်ရှေ့မှာရပ်ပြီး ပရိသတ်တွေကလည်း ဘာများပြောမလဲဆိုတာကို အားလုံးက အာရုံစိုက်နေကြပါတယ်။

“ကျမ ဒီနေ့ ဒေးဗစ်အတွက် ဓမ္မသီချင်းကို ဆိုမှာမဟုတ်ပါဘူး၊ ဒေးဗစ် ဘယ်လောက်ကောင်းကြောင်းကိုလည်း မိတ်ဆွေတွေထဲကတချို့ ပြောပြီးပြီဆိုတော့ အဲတာတွေကိုလည်း ကျမ ထပ်ပြီး မပြောတော့ပါဘူး။”

“ကျမ အခုပြောချင်တာက ဒီမှာရောက်နေတဲ့ မိတ်ဆွေတွေအတွက် နားထောင်ရတာ မသက်မသာ ဖြစ်ချင်လဲဖြစ်နေမယ်။”
“ကျမပြောချင်တာ အိပ်ရာထဲမှာ ဘာဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်းပါ။ မနက်စောစော အိမ်က ကားစက်နိုးလို့ မရတာ ကြုံဖူးပါသလား?” တဆက်တည်းမှာ ဇနီးဖြစ်သူက ‘ဂွီးဂွီး . . ဂွဂွ . . ဂီးဂီး . . ခူးခူး . .’ စတဲ့ ကားအင်ဂျင်နိုးသံလို၊ အိပ်နေစဉ် ဟောက်သံလို လုပ်ပြပါတယ်။ ပရိတ်သတ်တွေထဲက ရယ်သံတချို့ထွက်လာပါတယ်။ ဇနီးဖြစ်သူက ဆက်ပြီးပြောပါတယ်။
“အဲဒီအသံတွေက ကျမယောက်ျား ဒေးဗစ်ရဲ့ ဟောက်သံတွေပါပဲ၊ ညအိပ်ရင် အမြဲကြားရပါတယ်၊ တခါတလေ သူ့ရဲ့ ဟောက်သံက သိပ်ကျယ်လွန်းလို့ သူကိုယ်တိုင် လန့်နိုးတတ်ပါတယ်၊ ပြီးတော့ ဘာသံတွေလဲလို့ ကျမကို မေးတတ်ပါတယ်။” (ပရိသတ်ထဲက ရယ်သံတွေ ပိုပြီးထွက်လာပါတယ်)
“အိမ်ဘေးက ခွေးအော်သံတွေပါ၊ ရှင် ကောင်းကောင်းဆက်အိပ်ပါလို့ ကျမက ပြောပါတယ်။”
“သူ့ရောဂါဝေဒနာ ပိုပိုပြီး ဆိုးဝါးလာတဲ့ နောက်ဆုံးအချိန်ကာလမှာ ဒေးဗစ်အိပ်ရာထဲက ဟောက်သံဟာ ကျမအတွက် သူအသက်ရှင်နေတုန်းပဲလို့ သတိပေးသံတွေလို ဖြစ်ခဲ့ပါတယ်။”
(ပြောရင်း ဒေးဗစ်ရဲ့ဓာတ်ပုံမှန်ဘောင်ကိုကြည့်ပြီး သူမ မျက်ရည်တွေစို့လာပါတယ်။)
“သူ့ဟောက်သံကို နားထောင်ရင်း အိပ်နေကျဖြစ်တဲ့ ကျမ ဒေးဗစ်ရဲ့အသံကို အခုတော့ ထပ်မကြားရတော့ပါဘူး” (ထွက်ကျတော့မဲ့ မျက်ရည်တွေကို ထိန်းရင်း သူမဆက်ပြောပါတယ်)

“နောက်ဆုံးတော့ အဲဒီလို မပြည့်စုံ အားနည်းချက်လို့ထင်ရတဲ့ သေးသေးဖွားဖွားလေးတွေဟာ ဘ၀မှာ မမေ့နိုင်တဲ့ အကောင်းဆုံးအရာတွေ ဖြစ်လာပါတယ်။”
“တနေ့နေ့မှာ လှပပြီးမပြည့်စုံမှုတွေရှိတဲ့ ကျမရဲ့ဒေးဗစ်လို ဘ၀လက်တွဲဖော်တွေကို ရှာဖွေနိုင်ကြပါစေလို့ ကျမချစ်တဲ့ သားသမီးတွေကို ပြောပြချင်ပါတယ်။”

Beautiful imperfections that make a relationship perfect.
(မူရင်းကို ယူကျူမှာ သွားကြည့်နိုင်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts