>"I would do it a hundred times"

>

မြန်မာပြည် သွားဦးမည်ဟု ယက်တော ပြောဟု
မိုးမခ အထောက်တော် အမှတ် ၀၀၅
သြဂုတ် ၂၀၊ ၂၀၀၉

ရှီကာဂို လေဆိပ်တွင် တွေ့ရသော မစ္စတာ ယက်တော

မစ္စတာ ဂျွန် ယက်တောက သူ၏ လုပ်ရပ်များအတွက် နောင်တ မရရှိသည့်အပြင် မြန်မာပြည်သို့ ထပ်မံ သွားရောက်ဦးမည်ဟု အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့ လေယာဉ်ကွင်းသို့ ရောက်ရှိစဉ် AP သတင်းဌာနကို ပြောလိုက်သည်။

“ကျနော် ထပ်သွားရဦးမယ် ဆိုရင် အကြိမ် ၁၀၀ ထပ်သွားမှာ ဖြစ်ပါတယ်။ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ အသက်ကို ကယ်ဖို့ အကြိမ် ၁၀၀ ထပ်သွားဦးမှာပါ” ဟု မစ္စတာ ဂျွန် ယက်တောက ပြောသည်။

“သူတို့က (စစ်အစိုးရက) သူ့ကို ထိန်းသိမ်းထားလိုက်ပြီ၊ ကျနော် စိတ်ထိခိုက်ရပါတယ်” ဟု မစ္စတာ ဂျွန် ယက်တောက ဆိုသည်။

မစ္စတာ ယက်တောသည် ယခုအခါ ၎င်း၏ အိမ်သို့ ပြန်လည် ရောက်ရှိနေသည်။ သတင်းဌာနများက ဆက်သွယ်ရန် ကြိုးစားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts