ဓာတ်ပုံသတင်း

Shwe Nya War Sayadaw arrives SF Bay area

ရွှေည၀ါဆရာတော် ဦးပညာသီဟ အမေရိကန်ပြည်၊ ဆန်ဖရန်ဘေးသို့ ရောက်ရှိ

မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၄၊ ၂၀၁၃

ဇူလိုင်လ ၁ ရက်နေ့က ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ရွှေည၀ါဆရာတော် ဦးပညာသီဟနှင့် လက်ထောက်ဆရာတော် ဦးသူရိယတို့ ဆိုက်ရောက်လာရာ၊ ဓမ္မမိတ်ဆွေများ စောင့်ဆိုင်း ကြိုဆိုဖူးမျှော်ခဲ့ကြသည်။ ဆရာတော်ကြီးသည် လက်ရှိတွင် ပီနိုးမြို့၊ ကေတုမတီဓမ္မာရုံတွင် ခေတ္တသီတင်းသုံးမည် ဖြစ်သည်။ ဆရာတော်ကြီးကို ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျကလည်း လာရောက်ကြိုဆိုနေသည်ကို တွေ့ရသည်။

အမေရိကန်ပြည် ဓမ္မဒူတခရီးစဉ် စီစဉ်ထားရာတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် ဇူလိုင်လ ၂၈၊ (ဆန်းဒေး)၊ ဖရီးမောင့်မြို့၊ စင်တာဗေးရိပ်သာတွင် မာဃလုလင် ဓမ္မအသင်း၏ စီစဉ်မှုဖြင့် နေ့လည် ၁ နာရီမှ ညနေ ၇ နာရီအထိ တရားပွဲ စီစဉ်ထားသည်ဟု သိရသည်။ အသေးစိတ်ကို ဆက်လက် သတင်းပို့မည် ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts