Overseas Burmese

SFBC Book Drive Donating Children books to Paung De

ဖေးမကူညီလက်တွဲမည်(ပေါင်းတည်မြို့  အမျိုးသမီးများအသင်း) ရွေ့လျားစာကြည့်တိုက်သို့ စာအုပ်များလှူ

San Francisco Burmese Community Book Drive, ဇူလိုင် ၄၊ ၂၀၁၃

သြစတြေးလျမှ စာအုပ်အလှူရှင်များ ပေးပို့လှူဒါန်းထားသော ကလေးသူငယ်များအတွက် အင်္ဂလိပ်ဘာသာ ကဏ္ဍစုံစာအုပ်ပုံးများကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး ဘကကျောင်းများ၊ ပညာဒါနကျောင်းများနှင့် ရပ်ကွက်ကိုယ်ထူကိုယ်ထ စာကြည့်တိုက်၊ စာဖတ်ခန်းများသို့ ရည်စူး လှူဒါန်းလျက်ရှိရာ၊ ယခင်တပတ်က စာအုပ် ၄၈ အုပ်ပါ ကလေးစာအုပ်ပုံးတပုံးကို အလှူရှင်၊ စေတနာရှင်များ၏ ၀ိုင်းဝန်းမှုဖြင့် ပေါင်းတည်မြို့၊ အမျိုးသမီးများအသင်း၏ ရွှေ့လျားစာကြည့်တိုက်သို့ ပေးပို့လှူဒါန်းနိုင်ခဲ့သည်။

ဖေးမကူညီလက်တွဲမည် (ပေါင်းတည်မြိ့၊ အမျိုးသမီးများအသင်း)၏ ကိုယ်ထူကိုယ်ထ၊ စေတနာဝန်ထမ်း ပညာဒါန လက်တွဲကူညီလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း အများပြည်သူတို့ အားပေးလေ့လာနိုင်ဖို့ တိုက်တွန်းလိုက်ပါသည်။

SFBC Book Drive မှ ကလေးသူငယ်ဆိုင်ရာ စာအုပ်များ လှူဒါန်းခြင်းကို အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုဘေးဧရိယာအခြေပြု လက်ခံပြီး၊ စာအုပ်များ ရယူအလှူခံလိုပါက ရန်ကုန်မြို့တွင် အခြေပြုပြီး တောင်းခံသူများထံ ဆက်သွယ်ပေးပို့လျက်ရှိပါသည်။ မိုးမခမီဒီယာကနေ တဆင့် ဆက်သွယ်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts