>DASSK Trial postpone to 24th July

>


ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၄ သို့ ထပ်မံချိန်းဆို

မိုးမခ ဓာတ်ပုံသတင်း

ဇူလိုင် ၁၂၊ ၂၀၀၉

အင်းစိန်ထောင်တွင် ဖမ်းဆီးခြင်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးထုတ်ကို လွန်ခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည်။ လုံခြုံရေးအင်အားက ဒေါ်အောင်ဆန်းစုကြည်တရားရုံးချိန်းကို လာရောက်စောင့်ကြည့်သူ ပြည်သူလူထုနှင့် ပါတီဝင်များထက် ပိုမိုသည်ဟု ဆိုသည်။ လုံခြုံရေးအင်အားများတွင် အမျိုးသမီးရဲများ (ရဲမေ)များ အများအပြားတွေ့ရသည်။ ရဲထောက်လှမ်းရေးများ မော်တော်ဆိုင်ကယ် တ၀ီးဝီးမောင်းပြီး အင်အားပြနေခြင်း သိပ်မတွေ့ရဟု ပြေသည်။

အင်န်အယ်ဒီပါတီက ဦးဝင်းတင်က ပါတီအစည်းအဝေးရှိသဖြင့် အချိန်စောစောပြန်သွားသည်ကို တွေ့ရသည်။ ပါတီ၏ ထင်ရှားသူ လူငယ်တဦးဖြစ်သူ ဖြူဖြူသင်းကိုလည်း ပြည်သူတို့နှင့်အတူ တွေ့ရသည်ဟု ဆိုသည်။ တရားခွင်တွင် ဒေါ်စုဘက်မှ သက်သေတို့ကို အချိန်အတော်ကြာ တင်ပြလျှောက်လဲခွင့်ရသည်ဟု သိရသည်။ ထုံးစံအတိုင်းပြုနေကြ သတင်းစာရှင်းလင်းပွဲမှာ ညနေ ၅ နာရီထက် နောက်ကျပြီးမှ ပြုလုပ်ဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၂၄ သို့ ချိန်းဆိုသည်ဟု သိရသည်။ ဇူလိုင် ၁၉ တွင် ကျရောက်သည့် မြန်မာပြည်၏ အာဇာနည်နေ့ အခမ်းအနားကို အတိုက်အခံပါတီက ကျင်းပရန် စီစဉ်နေသည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဇာနည်နေ့ကို သည်တခေါက် အင်းစိန်ထောင်အတွင်းမှ ဖြတ်ကျော်ရမည်ဖြစ်သည်ဟု ပြောဆိုနေကြသည်။

(NLD Press Conference – photos with U Nyan Win, July 10th, 2009)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts