>Burmese Football in Controversal Perspective

>

ရန်ကုန်ရှုခင်း (ဇူလိုင် ပထမပတ်) နောက်ဆက်

အငြင်းပွားစရာကောင်းတဲ့ မြန်မာ့ဘောလုံးနဲ့ မြန်မာ့သူဌေးကြီးများ

`လမ်းလျှောက်ဂျာနယ်လစ်´ ရန်ကုန်

ဇူလိုင် ၉၊ ၂၀၀၉

ပုံ ၁ – တုပ်ကွေးကို ကာကွယ် ဘောလုံးပွဲလည်း ကြည့်

တိုင်းတွေကို ကိုယ်စားပြုထားတဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းကြီးများ ရဲ့ ပထမဆုံး အကြိမ် ဗိုလ်လုပွဲလည်း ပြီးခဲ့တဲ့ တနင်္ဂနွေညနေမှာ ကျင်းပပြီးစီးသွားပါပြီ။ ပွဲကြည့်သူ များပြားလွန်းလို့ ညအိပ်ပြီး လက်မှတ် တန်းစီသူတွေတောင် ရှိခဲ့တဲ့ဗိုလ်လုပွဲကြီးပါ။ လုံခြုံရေး စောင့်တဲ့ လုံထိန်းတွေလည်း ခွဲတမ်းရတဲ့ လက်မှတ်တွေကို မှောင်ခိုဈေးနဲ့ ရောင်းပြီး နေ့တွက်စရိတ်ကြေအောင် လုပ်ကြတယ်လို့ ကြားသိရပါတယ်။

ပုံ ၂ – လက်မှတ်မှောင်ခို ရောင်းနေကြပုံ

ရိုးရိုးတန်း လက်မှတ် တစောင်ကို ၁ထောင် က မှောင်ခိုဈေးမှာ ၃ထောင်၊ အထူးတန်း ၃ထောင်တန် လက်မှတ်က မှောင်ခိုမှာ ၆ထောင်မှ ၈ထောင်အထိ ရောက်ရှိခဲ့ပါတယ်။ လူသောင်းနဲ့ချီပြီး လာရောက်ကြည့်ရှုခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

မြန်မာဘောလုံး ပရိတ်သတ်ထဲက အချို့ဟာ ဘောလုံးပွဲကိုသာ ကြည့်လိုသူတွေ ဖြစ်ပြီး ဦးတေဇပိုင်တဲ့ ရန်ကုန် ယူနိုက်တက်ကို အားပေးရမလား၊ အယ်လ်ပိုင်း သောက်ရေသန့်ပိုင်တဲ့ ရတနာပုံ အသင်းကို အားပေးရမလားဆိုတာကို ကွင်းထဲရောက်တဲ့ အထိမသဲကွဲခဲ့ကြပါဘူး။

ပုံ ၃ – ဘယ်အသင်းကို သင် ရွေးချယ်ပြီး အားပေးမှာလဲ



ကွင်းထဲဝင်တဲ့အခါ ရန်ကုန်လား ရတနာပုံလားဆိုတာ နှစ်ကန့်ခွဲထားပြီး ဘယ်ဘက်ကိုဝင်မလဲ ဆိုတာ ရွေးကြရပါတယ်။ ရန်ကုန်ကို အားပေးမယ့် ဘက်ကိုဝင်ပြီးနောက်မှတော့ ရတနာပုံ အားပေးသူတွေဘက် ပြောင်းလို့မရတော့ပါဘူး။ နှစ်ဘက်အားပေးသူအချင်းချင်း ရန်ဖြစ်မှာစိုးလို့ ခွဲထားတာလို့ ဆိုပါတယ်။


ရန်ကုန်ဘက်က ဝေပေးတဲ့ စပို့ရှပ်ကိုယူပြီး ရန်ကုန်ဘက်မှာ ထိုင်ကာ ရတနာပုံ အသင်းကို လက်ခုပ်တီးအားပေး သူအချို့လည်းရှိတယ်လို့ သိရပါတယ်။ အမှန်ကတော့ ဘောလုံးဝါသနာ ပါသူတွေက အသက်ဝင်တဲ့ ဘောလုံးပြိုင်ပွဲတွေ ပြန်ပေါ်လာတာကြောင့် စိတ်ဝင်စားပြီး လာရောက်အားပေးကြတာ များပါတယ်။ ဒါအပြင် အများစုကတော့ အသင်းပိုင်တဲ့ ကုမ္ပဏီက ၀န်ထမ်းတွေကို စရိတ်ခံပြီး ခေါ်လာကြတာမျိုးဖြစ်ပါတယ်။

ပုံ ၄ – ရန်ကုန်အသင်းကို အားပေးနေသူ

ဘောလုံးပွဲကြောင့် မြန်မာ့ သူဌေးကြီးတွေအပေါ် လူထုက အမြင်ပြောင်းလာပြီလို့ ဆိုရင်တော့ ကောက်ချက်ချစောတာမျိုး ဖြစ်နိုင်ပါတယ်။ လူထုက ဘောလုံး အသင်းတွေ ထောင်ပေးလို့ မြန်မာ့ သူဌေးကြီးတွေဖြစ်တဲ့ ဦးတေဇ၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင်၊ ဦးဝင်းမြင့် အစရှိသူတွေ အပေါ် အမြင်ကောင်းလာပြီလားသလားလို့ ရန်ကုန်က ဘောလုံးပွဲ ပရိသတ်တဦးကို မေးကြည့်တဲ့အခါ သူ့အနေနဲ့ အသင်းပိုင်သူတွေကို အားပေးတာ၊ ကျေးဇူးတင်တာ တခါမှတောင် မစဉ်းစားမိဘူးလို့ သာဖြေပါတယ်။

ပုံ ၅ – လုံထိန်းတပ်များ စောင့်ကြပ်နေသည့် မြန်မာ့ဘောလုံးပွဲ

အခုလို မြန်မာပရိုလိဂ် ဘောပွဲတွေကို လုပ်ဆောင်တာဟာ နိုင်ငံရေး အရအာရုံပြောင်းဖို့၊ ပါတီနိုင်ငံရေး နဲ့ ဘောလုံးပွဲ အရောင်တွေကို ရောစပ်ဖို့၊ မျောက်လောင်းလေးလို့ ခေါ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေးက ဘောလုံးပွဲတွေ လုပ်စေချင်လို့ စတဲ့ နောက်ကွယ်က အကြောင်းတရားတွေကိုလည်း မျက်ကွယ်ပြုလို့ မရတာ အမှန်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts