>Light for Burma

>

အလင်းရှင်
အိမ်သီ (သာယာဝတီ)
မေ ၁၆၊ ၂၀၀၉

အမေ
ပြည်သူ့ အသည်းနှလုံးထဲ
ဖျောက်ဖျက်မေ့မရ
အမေ့ရဲ့
အောင်မြင်မှုက
ဒီနေ့ခေတ်
သမိုင်းစဉ်အထိ
အရှိတရားအစစ်နဲ့ 
ထွန်းလင်းတောက်ပ နေဆ
မျိုးဆက်ရဲ့ကြယ်တပွင့်
အလင်းရှင်အဖြစ်
မွေးဖွားလာခဲ့သည်။

အမေ
ရက်စက်တဲ့စနစ်နဲ့ 
အခုခေတ်နိုင်ငံရေးမှာ
ခေတ်သစ်ရဲ့ 
စနစ်သစ်တို့ 
တိုးတက်နိုင်ငံရေးအတွက်
အားလုံးနဲ့ လက်တွဲ
တိုက်ခိုက်ရင်ဆိုင်ရင်း
ပေးဆပ်မှု ကြီးမားခြင်း
စွန့်လွှတ်မှု ကြီးမားခြင်း
ထိုထိုသော
အရာတွေအတွက်
အလေးပြု
ဂုဏ်ယူပါသည် ။

အမေ
ထာဝရ
ငြိမ်းချမ်းပါစေ
ထာဝရ
ချမ်းမြေ့ပါစေ
ဆုံးရှုံးခဲ့လို့ မရတဲ့
လူ့အခွင့်အရေးတွေ
မမျှတခဲ့လို့အရှုံး နဲ့ 
အခြေခံဥပဒေတွေ
အားလုံးရစေဖို့ 
အားလုံးပြောင်းစေဖို့ 
စိတ်ဓာတ်နှလုံးရည်နဲ့ 
တိုက်ခိုက်တဲ့ ဒီတိုက်ပွဲ
အလင်းရှင်
အပြီးသတ်နိုင်ပါမည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts