>Burmese Journal Digest – March 7th 2009

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

မတ် ၇၊ ၂၀၀၉

ယာဉ်ထိန်းရဲများ အရပ်ဝတ်ဖြင့် ဘတ်စကားများကို စစ်ဆေးမည်။ ဖေဖော်ဝါရီလသည် ဘေးကင်းကြောင်း မိုး/လေ ဦးထွန်းလွင်က ပြော။ ဒေါပုံမီး – ပလတ်စတစ်စက်ရုံက စတင်ခြင်းဖြစ်။ သရက်မှာ လူထုက ကိုယ်ပိုင်မီးသတ်ယာဉ် ၀ယ်မည်။ အင်းတော်ကြီးကန်က နွားများ ပလတ်စတစ်အိတ်စားပြီး သေဆုံး။

နိဗ္ဗာန်ယာဉ်များ သုဿန်မှာသာ ထားရမည်။ ရန်ကုန်တွင် နာရေးအသင်းပေါင်း ၁၈ သင်း စာရင်းအရ တွေ့ရှိနိုင်။ ဂြိုလ် ၅ လုံးပူး၍ ဖြစ်ရပ်ဆန်းများကြုံကြမည်။ ရွှေပါရမီတောရက အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းဖွင့်။ နာဂစ်ဖျက် ရေငန်တားတံမံ ၁၀ ခု ပြုပြင်ရန်လို။ တောင်ပြုံးက “စစ်ပြန်ပွဲတော်” မတ် ၅ က ဆင်နွှဲ။ ပြည်ပသို့ ၂ လ အတွင်း ဆန်တန်ချိန် ၉ သောင်း တင်ပို့။ ပြည်ပသို့ ဖရဲသီးတင်ပို့မှု ဒေါ်လာ ၁၁ သန်း ၀င်ငွေရ။

ဒေးဒရဲတွင် မုန်တိုင်းသင့်ကျောင်း ၁၀၀ ပြုပြင်ရန်လိုအပ်နေဆဲ။ ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်က ထောင် ၆ လ ကျမည်။ အင်္ဂါပူမှာ ပြူခေတ် ဂ၀ံမြို့ဟောင်းတွေ့။ ရန်ကုန်မှာ အသင့်စားထမင်းထုပ်များ ရောင်းချမှု တွင်ကျယ်။ ရွှေတိဂုံက ကန်ထရိုက်ပေးလုပ်ငန်းများက သိန်း ၆၅၀၀ ယခုနှစ်ဝင်။ (အလှူခံပုံးကန်ထရိုက် မရှိပါ)။

ဒဂုံဆိပ်ကမ်းအပိုင် ရွာက ၄တန်းကလေး ၃ ဦး ပျောက်ဆုံးသဖြင့် အမှုဖွင့်ရှာ။ (ယခုပြန်တွေ့ပြီ)။ စစ်အစိုးရ စာပေစိစစ်ရေးရုံးလည်း “အီး” စနစ်ကျင့်သုံးတော့မည်။ ဖတ်ပါ့ ဟောဒီမှာ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts