>Thee Lay Thee & Colorful Anyeint to continue tour at all cost

>

“မည်သို့ပင်ဖြစ်စေကာမူ” သီးလေးသီးအဖွဲ့ အငြိမ့်ပွဲများ ဆက်ကမည်

မိုးမခ အထောက်တော် ၀၀၂

မတ် ၇၊ ၂၀၀၉

၂၀၀၈ ဒီဇင်ဘာလက ရောက်ရှိခဲ့ပြီး ၂၀၀၉ မတ်လကုန်တွင် ပြီးဆုံးမည် ဖြစ်သော သီးလေးသီးနှင့် ဆေးရောင်စုံ အဖွဲ့၏ အမေရိကန် ပြည်ထောင်စု အနုပညာ ခရီးစဉ်တွင် နောက်ဆုံး ပွဲစဉ်များ အဖြစ် မတ် ၇ ရက် နယူးယောက် ယူတီကာပွဲ၊ မတ် ၁၄ ရက် မြောက်ကရိုလိုင်းနားပွဲ နှင့် မတ် ၂၁ ရက် ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်း ပွဲစဉ် ၃ ခု စလုံးကို စီစဉ်ထားသည့် အတိုင်း မပျက်မကွက် ကပြ ဖျော်ဖြေသွားမည် ဖြစ်သည်ဟု ကြားသိရသည်။

မည်သို့ပင် ဖြစ်စေကာမူ သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် နဂို ရေးဆွဲထားသည့် ပွဲစဉ် ဇယားများ အတိုင်း အနုပညာချစ်သူ မြန်မာ မိသားစု ပရိသတ်ကြီးကို ကပြ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း၊ ပြီးနောက် ခရီးစဉ် စတင်ခဲ့ရာ အယ်လ်အေမြို့သို့ သို့ ပြန်လည် ရောက်ရှိပြီး အမေရိက ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း၊ နောက်ဆုံး နှုတ်ဆက်ပွဲ အနေနှင့် မြန်မာ တိုင်းရင်းသား မိသားစုများ အထူး စုဝေးရာ ဌာနဖြစ်သည့် ဖို့ဝိန်းမြို့တွင် ကပြကြမည် ဖြစ်ပြီး အနီးတ၀ိုက်က မြန်မာတို့ လာရောက် အားပေးကြမည်ဟု သိရကြောင်း သတင်းရရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts