>Two bomb blasts in Rangoon in one day

>

ရန်ကုန်မြို့တွင် တနေ့တည်း ဗုံး နှစ်ကြိမ်ကွဲ

အေပီသတင်း

မတ် ၃၊ ၂၀၀၉

ရန်ကုန်မြို့ စံတော်ချိန်၊ မတ် ၃၊ ညနေ ၉ နာရီ ခွဲက မြေနီကုန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲခဲ့ပြီး ည ၁၁ နာရီတွင် လှည်းတန်းလမ်းဆုံ ဘတ်စကားဂိတ်တွင် နောက်ထပ် ဗုံးတလုံး ပေါက်ခဲ့ကြောင်း အေပီသတင်းက ဆိုသည်။ စစ်တပ်နှင့် လုံခြုံရေးအဖွဲ့များ ချက်ခြင်း ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ ရှင်းလင်းခဲ့သည်ဟု မျက်မြင်တို့က ပြောသည်။ အာဏာပိုင်တို့က ထိခိုက်သူ မရှိဟု ပြောကြောင်း သိရသည်။ မေလ ၇ ရက် ၂၀၀၅ ရန်ကုန်မြို့ ကုန်တိုက်ကြီး ၂ ခုတွင် ဖြစ်ပွားခဲ့သော လူ ၂၀ ကျော် သေဆုံးပြီး၊ ၁၆၀ ကျော် ဒဏ်ရာရခဲသော ဗုံးကွဲမှုကြီးမှာ အဆိုးဆုံးဖြစ်ခဲ့ပြီး ယခုအထိ လက်သည်မပေါ်သေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts