>
တော်ဘုရားလေး စာပေဆု မိသားစုနေအိမ်မှာ ကျင်းပရ
မိုးမခအထောက်တော် (ရန်ကုန်)
မတ် ၃၊ ၂၀၀၉
ဖေဖော်ဝါရီလ ၂၄၊ ၂၀၀၉ ခု ရက်နေ့မှာ တော်ဘုရားလေး စာပေဆုပေးပွဲကို စီးတီးစတားဟိုတယ်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ခွင့်မပြုခဲ့သောကြောင့် အခမ်းအနားအစီအစဉ်ကို တော်ဘုရားလေး၏ သမီးဖြစ်သူ ဒေ၀ီသန့်စင်နေအိမ်၌ အကျဉ်းချုံးကျင်းပခဲ့သည်။
ထို အခမ်းအနားသို့ ၀ါရင့် နိုင်ငံရေးသမားကြီး၊ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ပန်းချီဆရာများ အနုပညာသမားများ စုံညီစွာ တက်ရောက်ကြသည်။ တော်ဘုရားလေးစာပေဆုတွင် ၀တ္ထုတိုပေါင်းချုပ်ဆုကို မန္တလေးမှ စာရေးဆရာ ညိုထွန်းလူ မှ ရရှိခဲ့ပြီး မဂ္ဂဇင်းအကောင်းဆုံးဆုကို ပိတောက်ပွင့်သစ်မှ ရရှိခဲ့သည်။ တော်ဘုရားလေး စာပေဆုကို ၂၀၀၆ ခုနှစ်မှ စတင်ခဲ့သည်။