>Book Worm The Geek – 3 Burmese E-Books on MoeMaKa Shelf

>

အင်တာနက်ပေါ်က ဖတ်စရာ အီးဘုတ်အုပ် အသစ် ၃ ခု

စာဂျပိုး သာဂိ

ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉

၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ထွန်း ပြုစုတဲ့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃ – ၁၉၉၁) စာအုပ်ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မီတီ)က ပြည်ပမှာ ဖြန့်ချိပါတယ်။ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၊ အုပ်ရေ ၅၀၀။ ယခု အီးဘုတ်အုပ်အဖြစ် မေတ္တာဖြင့် ဖြန့်ချိတာကို တွေ့ရပါတယ်။

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး နှင့်သူ၏ကဗျာများ – နေခြူး၊ တင်မိုး ။ ကဗျာဆရာကြီး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရအဖြစ် မိုးချိုသင်း အင်တာနက်ဘလောက်က တင်ဆက်တဲ့ ဆရာဦးတင်မိုးရဲ့ အကျဉ်းထောင် ရုပ်ပုံလွှာဖြစ်ပါတယ်။ စာရေးသူက ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတဦး – နေခြူး ဖြစ်ပါတယ်။ ဆရာကြီးနဲ့ တွေ့ဆုံခဲ့သမျှကို တင်ပြထားတာပါ။ အဲဒီမှတ်တမ်းနဲ့အတူ မာယာမဂ္ဂဇင်း ဘလောက်က ကောက်နုတ်ထားတဲ့ ဆရာတင်မိုးရဲ့ ကဗျာများကိုပါ တွဲဖက်ထားပါတယ်။ အခု ဒါတွေကို စုစည်းတဲ့ အီးဘုတ်အုပ်ကို အိန္ဒိယက မြန်မာအိုင်အက်စ်ပီ ၀ိုင်းတော်သားများက မေတ္တာနဲ့ တင်ဆက်ပေးတာဖြစ်ပါတယ်။

မိုးမခ လစဉ် သတင်းလွှာ ပေါင်းချုပ် – ၂၀၀၆ ဖေဖော်ဝါရီ မှ ၂၀၀၇ ဇွန်လ။ ၂၀၀၆ က စတင်ပြီး အွန်လိုင်း စာနယ်ဇင်းစာမျက်နှာအဖြစ် အရှိန်စမြှင့်ခဲ့တဲ့ မိုးမခ တင်ဆက်ခဲ့သမျှ စာမူတွေကို (၂၀၀၆ – ၂၀၀၇) ၁ နှစ်ကျော် လစဉ်ပုံနှိပ်သတင်းလွှာအဖြစ် တင်ဆက်ခဲ့ပြီး အီးဘုတ်အုတ်အဖြစ် တစုတစည်းတည်း သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပါတယ်။ စာမျက်နှာ ၈၀၀ ကျော် ရှိပါတယ်။ မိုးမခ စာနယ်ဇင်းက မေတ္တာနဲ့ ဖြန့်ချိပါတယ်။ ယခုနောက်ပိုင်း ၂၀၀၈ နိုဝင်ဘာက စတင်ပြီး မိုးမခလစဉ် အီးသတင်းလွှာကို စာမျက်နှာ ၁၆ မျက်နှာစာ အကျဉ်းကောက်နုတ် ပြန်လည် တင်ဆက်လာပြန်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts