>Burma Bans Crocodile Export

>

မိကျောင်းများ ပြည်ပပို့ခွင့်မပြု
Xinhua သတင်းဌာန
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉


ကင်မရာကို ပြုံးပြနေသော သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ မိကျောင်းတကောင် [photo: myanmar times]

မြန်မာအစိုးရက မိကျောင်းမျိုးသုန်းမှုကို ကာကွယ်ရန် ပြည်ပသို့တင်ပို့ခြင်းကို ပိတ်ပင်ထားသည်ည်ဟု မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း ရန်ကုန်တွင်ထုတ်ဝေသည့် Voice ဂျာနယ်တွင် ရေးသားထားသည်။ မြန်မာ့မိကျောင်းများသည် ကမ္ဘာ့ မျိုးသုန်းတော့မည့် တိရိစ္ဆာန်များစာရင်းတွင် ပါဝင်သောကြောင့် ပိတ်ပင်ထားသည်ဟု ဆိုသည်။ မျိုးသုန်းတော့မည့် တိရိစ္ဆာန်များ နှင့် အပင်များ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာကွန်ဗင်းရှင်း၏ ခွင့်ပြုချက်ရမှ ရောင်းဝယ်ခွင့်ရှိမည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ် ၂၃ မျိုး ရှိသည့်အနက် မြန်မာပြည်တွင် ၄ မျိုးကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့မှာ ငမိုးရိပ်မိကျောင်း၊ အင်းမိကျောင်း၊ ထိုင်းမိကျောင်း၊ ဂင်္ဂါမိကျောင်းတို့ဖြစ်သည်။

ငမိုးရိပ်မိကျောင်းကို ဘိုကလေး၊ လပွတ္တာ စသည့် ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်များ၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် တွေ့ရသည်။ မိကျောင်းမွေးမြူသည့် လုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သည်။


မိကျောင်းများသာမက မြန်မာပြည်တွင် ကျားကောင်ရေလည်း နည်းပါးလာသည်။ ၂၀၀၄ ခုနှစ်မှ စတင်ပြီး ဟူးကောင်းတောင်ကြားဒေသတွင် ကျားထိန်းသိမ်းရေး စီမံကိန်း စတင်ခဲ့သည်။ ယခုအခါ ကျား ကောင်ေ၇ ၁၅၀ ခန့်သာ ရှိတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts