>remembrance of Pado Mahn Sha

>

ပ ဒို မန်း ရှာ သို့  အောက် မေ့  တ သ ချက်
အောင် ဝေး
ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉

သောင်ရင်းက
ပြောင်းပြန်စီးလို့ ရတယ်။

နွေဦးက
တည့်တည့် မလာလို့  မရဘူး။

မာနယ်ပလော ကျဆုံးတာကလည်း
စောတယ်
ဖထီးရေ
ဖထီး ကျဆုံးတာကလည်း စောတယ်။

အမြဲနောက်ကျတာကတော့
အဲသည် နွေဦးပဲ။

မဲဆောက်ကနေ မာလာဟိုက်အထိ
နွေဦးမျှော်ယိမ်းတိုက်နေတာ
ခုထိ မညီသေး။

အရေးထဲ
သီချင်းက အသံတိတ်လွန်းရဲ့ 
သံကုန်မြှင့် အော်ကြည့်လိုက်ပါလား။

ပြိုင်တူတွန်းလျှင်
ရွေ့နိုင်ပါသည်။ ။

၁၂-၂-၂၀၀၉

[ photo by Jonas M Lanter ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts