>Dagon Tayar is leaving for Aung Ban

>


ဆရာဒဂုန်တာရာအား ဂါရ၀ပြု နုတ်ဆက်ပွဲ
တာရာဝေယံ
ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉

“ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ
နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ”
ဆိုတဲ့ ငြိမ်းချမ်းရေး အယူအဆကို စွဲမြဲစွာ ခံယူထားတဲ့ ဆရာ ဒဂုန်တာရာဟာ ရန်ကုန်မှာ ဆောင်းခိုရင်း နွေဦးပေါက်လာပြီ ဖြစ်တဲ့အတွက် ဆရာနေထိုင်ရာ အောင်ပန်းမြို့ကို ပြန်တော့မှာ ဖြစ်ပါတယ်။ ဆရာ့ကို လေးစား ချစ်ခင်ကြတဲ့ စာပေနဲ့ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက ဂါရ၀ပြု နုတ်ဆက်ပွဲတခုကို မနေ့က နံနက်ပိုင်းက စီစဉ်ပြုလုပ်ခဲ့ကြပါတယ်။


နုတ်ဆက်ပွဲ ပြုလုပ်ကြတဲ့ နေရာကတော့ သံလျင်မြို့ ထန်းပင်ကုန်း ၇ လမ်းက စာပေမိတ်ဆွေတဦးအိမ်မှာ ဖြစ်ပါတယ်။ ဆရာဦးအံ့မောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသူများက တဦးချင်းစီ မိတ်ဆက်ကြပါတယ်။ ဆရာဒဂုန်တာရာက ဖြတ်သန်းခဲ့တဲ့ ခေတ်သမိုင်းပုံရိပ်များနဲ့ လက်ရှိ ဖြတ်သန်းနေတဲ့ ခေတ်ကို ပုံဖော်ကြည့်ရင်း ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လွတ်လပ်ရေးတို့ရဲ့ ဆက်နွယ်နေမှု၊ အကျိုးသက်ရောက်မှုများကို သြ၀ါဒ စကား မြွက်ကြားခဲ့ပါတယ်။

တက်ရောက်လာကြတဲ့ စာပေ အနုပညာရှင်များက ၀တ္ထုတိုနဲ့ ကဗျာသဘောတရားများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ် ၃၀ မြောက်အတွက် ဆရာဒဂုန်တာရာ ရေးသားခဲ့တဲ့ “ဗန်းမော်တင်အောင်”အမည်ရှိ ကဗျာကို ဗြူတီမဂ္ဂဇင်းက အယ်ဒီတာ ထွန်းဝင်းငြိမ်းက ရွတ်ဆိုခဲ့ပါတယ်။

မိုးကုတ်မြို့ သဟာယ စာပေဆု အဖွဲ့ဝင်များကို ဆရာ့ကို အမှတ်တရပစ္စည်းများ ပေးအပ်ပါတယ်။

တက်ရောက်လာကြသူ အားလုံးက လာမယ့် မေလ ၁၀ ရက်နေ့မှာ အသက် ၉၀ ပြည့်တော့မယ် ဆရာဒဂုန်တာရာကို ၀ိုင်းဝန်း ဂါရ၀ပြုခဲ့ကြပါတယ်။

နုတ်ဆက်ပွဲအခမ်းအနားကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts