>Nay Choo – Tin Moe, the great guest from haven to earth 04

>

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး – ၎
နေခြူး
ဇန်န၀ါရီ ၂၇၊ ၂၀၀၉
၁၉၉၈ သင်္ကြန်အပြီးလောက်မှာ ဆရာကြီးရဲ့ ရပ်ဆွေရပ်မျိုးတယောက်ရဲ့သမီး မင်္ဂလာဆောင်ရှိလို့ သူ မြင်းခြံသွားရမယ့်အကြောင်း ပေါ်လာတယ်။ ဆရာကြီးညီမ အန်တီစန်းလည်း ရန်ကုန်ရောက်နေပြီး သူနဲ့အတူ မြင်းခြံ ပြန်မယ်။ ကျနော့်ကို သူနဲ့လိုက်ဖို့ ဆရာကြီးက အတင်းခေါ်တယ်။ ဆရာကြီးရဲ့ သမီးတွေကလည်း သူတို့ အဖေနဲ့အဒေါ် လူငယ်အဖော် မပါပဲ ခရီးသွားရမှာ ပူနေတာနဲ့ ကျနော် လိုက်သွားနိုင်ရင် သိပ်ကောင်းမယ်လို့ ပြောကြတယ်။ ကျနော်ကလည်း မြင်းခြံထောင်က ထွက်လာတော့ အထဲက ရဲဘော်တွေကို စားစရာ ပေးချင်တာနဲ့ အကြောင်းဆုံပြီး လိုက်သွားဖြစ်ရော ဆိုပါတော့။ ကျနော်တို့ကို ဆရာကြီး သမီးတွေက အဝေးပြေးဂိတ်အထိ လိုက်ပို့ကြတယ်။ မမိုးအေးရဲ့ သမီးလေးက သူ့အဖိုးနဲ့ လိုက်မယ်ချည်း တကဲကဲ။ ဒီကလေးလေးက ဆရာကြီးနဲ့ အတော့်ကို ချွတ်စွတ်တူတာ။ ရဲလိုက်တာမှ လွန်ရော။ ဘာကိုမှ မကြောက်တတ်ဘူး။ ကျနော့်ကိုလည်း မြင်ရဖန် များလာတော့ မှတ်မိနေပြီ။ ဦး.. ဦး ဆိုပြီး လက်ကမ်းပေးတတ်တယ်။ ကျနော်ကလည်း သူ့အတွက် ကစားစရာလေးတွေ ယူသွားပေးတတ်တာကိုး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts