>Nay Choo – Tin Moe, the great guest from haven to earth 05

>

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး – ၅
နေခြူး
ဇန်နဝါရီ ၂၇၊ ၂ဝဝ၉

အဲဒါဖြစ်ပြီး တပတ်လောက် အကြာမှာ ဝေမိုး ကျနော့်ဆီ ရောက်လာတယ်။ သူက ပြန်လွတ်လာတာ မကြာသေးဘူး။ လွတ်လွတ်ပြီးချင်း ဘုန်းကြီးဝတ်တော့ ကျနော်နဲ့ ဆရာကြီးတို့ သွားကြသေးတယ်။ အခု သူက ဘုန်းကြီးထွက်ခါစ အိမ်မှာ အနားယူနေတဲ့ အချိန်။ ကျနော့်ဆီတော့ မကြာခဏ လာတတ်တယ်။ အခု လာတာကတော့ အလုပ်ကိစ္စနဲ့ပါ။ ”အကို့ကို လူတယောက်က တွေ့ချင်လို့ တဲ့။ အရေးကြီးတယ်။ လျှို့ဝှက်တွေ့ရမှာ..”။ တွေ့မယ် သူ ဘယ်သူလဲ လို့မေးလိုက်တော့ သူက ”ဘယ်သူလို့ မပြောရဘူးလို့ မှာလိုက်တယ်။ တွေ့ရင် သိမှာပဲ။” ဒါဆို ငါမတွေ့တော့ဘူးကွာ။ မင်းပဲ စဉ်းစားကြည့်။ အခုလို နိုင်ငံရေး အခင်းအကျင်းမျိုးမှာ ဘယ်သူမှန်းလည်း ကြိုမသိ၊ အရေးလည်း ကြီး၊ လျှို့ဝှက်လည်း ဆိုသေး ဆိုတော့ ငါ မတွေ့တော့ဘူးကွာ..”။ ဝေမိုးပြန်သွားတယ်။ ကျနော် ပြတဲ့ အကြောင်းပြချက်က ခိုင်လုံနေတယ်လေ။ နောက်တနေ့ ဝေမိုး ပြန်ရောက်လာတယ်။ ကျနော့်နား နားကပ်ပြီး ”ခုတွေ့မယ့် လူက တခြားသူ မဟုတ်ဘူး။ ကိုသက်ဝင်းအောင်ပဲ” လို့ ပြောလိုက်တော့ ကျနော် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts