>a young student got 104 years imprisonment

>

မကေသီအောင်

မန္တလေးမှ နိုင်ငံရေးသမားလူငယ်များ နှစ်ရှည်ထောင်ဒဏ်ချခံရ
မိုးမခအထောက်တော် အမှတ် ၂
ဇန်န၀ါရီ ၁၄၊ ၂၀၀၉


အထိန်းသိမ်းမခံရမီ ရက်ပိုင်းအတွင်းကတွေ့ရသော မကေသီအောင်


မြန်မာအာဏာပိုင်တို့က မန္တလေးမှ နိုင်ငံရေးသမားလူငယ်အချို့ကို အောက်ပါအတိုင်း ကြီးလေးသော ထောင်ဒဏ်များ ပေးလိုက်သည်။

ကိုဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီး ၁၀၄ နှစ်
ကိုညီ ၅၀ နှစ်
ကိုဝေမျိုးထူး ၂၆ နှစ်
မကေသီအောင် ၂၆ နှစ်

ထောင် ၂၆ နှစ် ချမှတ်ခံခဲ့ရသည့် မကေသီအောင်သည် အသက် ၂၃ နှစ်သာ ရှိသေးသည်ဟု ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။ မကေသီအောင်သည် ကိုယ်ဝန်ရှိပြီး ၂ ပတ်အကြာတွင် ဖမ်းဆီးခံရခြင်းသောကြောင့် ယခုအခါ မကေသီအောင်တွင် ကိုယ်ဝန် ၆ လ ရှိနေသည်ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ယနေ့ သတင်း ထုတ်ပြန်ရာ အဆိုပါ လူငယ်များသည် မန္တလေးအကျဉ်းထောင်အတွင်းရှိ တရားရုံးတွင် စီရင်ချက် ချခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ တရားခွင်သို့ ရှေ့နေများ၊ မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ဟု ဆိုသည်။

အဆိုပါလူငယ်အများစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ၏ အဖွဲ့ဝင်များဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု အတိုက်အခံများက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts