>maung gyi pyi soe – short story 01

>

အရှေ့ယွန်းက နေ၀န်းရှိရာ
မောင်ကြီးပြည်စိုး
ဒီဇင်ဘာ ၆၊ ၂၀၀၈


၁။
ငါးမိနစ်အလွန်။
လက်ကနာရီကိုငုံ့ကြည့်လိုက်သည်။ ငါးမိနစ်လွန်သွားပြီ။ ငါးနာရီငါးမိနစ်လွန်သွားပြီ။ မသေချာ။ သေ ချာအောင် တခါထပ်ကြည့်သည်။ ငါးမိနစ်လွန်သွားပြီမှာ သေချာပြီ။ ဒီငါးမိနစ်အတွင်း ဒါမှမဟုတ် ငါးနာရီထိုးပြီးချိန်ကစပြီး နာရီကိုဘယ်နှကြိမ်ဘယ်နှခါကြည့်မိမှန်း မသိကြည့်မိသည်။ ကြည့်စရာကလည်း လောကတခုလုံး ဟောဒိ့ ကျပ်စေ့အ၀န်းသာသာ နာရီမျက်နှာပြင်လေးကလွဲလို့ ဘာမှ မရှိတော့သလို။ တကယ်ဆို ကားထွက်ရမည့်အချိန်က လွန်နေပြီ။ မောင်းလိုက်ပါတော့လား။ ငါးနာရီတိတိတုန်းကတော့ ဂိတ်မှူးက အချက်ပေးခရာ မှုတ်လိုက်သေးသည်။ ခရီးသည်အပြည့်တင်ထားပြီး ဖြစ်သည့် အဝေးပြေးဘတ်စ်ကားကလည်း ခရီးတာတခု စတင်တော့မည်ဖြစ်ကြောင်း အတိအလင်း အသိပေး ကြေညာလိုက်သလို ဟွန်း သံရှည်ရှည် ပေးပြီးခဲ့ပြီ။ ခုနေဆို ကားက ခရေပင်လမ်းခွဲလောက်ပင် ရောက်နေရော့မည်။ ခုတော့ ကားက မူလနေရာမှ နည်းနည်းလေးမှမလှုပ်။ အရေးထဲ ကားဆရာက နိုင်ငံကြီးသား လူကြီးလူကောင်းဆန်နေလိုက်သေးသည်။ ဟိုက ပြန်မလာမချင်းဘဲ စောင့်တော့မည့်ပုံမျိုး။ ဒီမှာက သေချင်စော် နံနေပြီ။ ဆံပင်တွေကြားက ချွေးပေါက်ချွေးသီးတွေ တရွရွ ထလာကာ တောင့်မတ်မတ်ကြီးဖြစ်နေသည့်ကျောပြင်ရှိရာသို့ တဒီးဒီးလိမ့်ကျလာပြီး နောက်ဆုံး တင်ပါးနှလုံးကြား အဆုံးသတ်လျက် အိုင်ထွန်းနေပြီ။ ကားကမလှုပ်သေး။

အပြည့်အစုံဖတ်ရန် ဤနေရာကို နှိပ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts