>Aung Way – Stanzas of our 20 Years

>

အနှစ် ၂၀ အတွက် ပါဒ များ
အောင်ဝေး

သြဂုတ် ၄၊ ၂၀၀၈

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ မှာ နှောင်ကြိုးကလွဲလို့  တခြားဆုံးရှံးစရာမရှိ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ မှာ တည်ရမယ့် ကတိတွေနဲ့၊ မအိပ်ခင်သွားရဦးမယ့်ခရီးတွေနဲ့

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ အားလုံး စပါးတားကတ်(စ်) တွေချည်းပဲ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက်အသင့်ပြင်ထား။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
တော်လှန်တဲ့ အတွေးအခေါ်တစ်ရပ်မရှိဘဲ တော်လှန်တဲ့အရေးတော်ပုံတစ်ရပ်မရှိနိုင်ဘူး။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
တိုက်ပွဲပုံသဏ္ဌာန်ဆိုတာ အဖိနှိပ်ခံတွေက ရွေးချယ်ရတာမဟုတ်၊ ဖိနှိပ်သူက ရွေးချယ်တာ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ ဘယ်တော့မှ လက်နက်မချ၊ ငါတို့ ညီညွတ်ကြ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ နဲ့အတူ (ဒေါ်)အောင်ဆန်းစုကြည်ရှိတယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ယုံကြည်လိုက်စမ်း၊ ငါတို့ တစ်နေ့ အနိုင်ရရမယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 

ဒီမိုကရေစီရအောင်လုပ်တာဟာ ရန်သူကိုအကောင်းဆုံးလက်စားချေတာပါပဲ။


နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ညဦးယံမှာ ငိုကြွေးခြင်းက လာတည်းခိုတယ်၊ နံနက်ယံမှာ သီချင်းဆိုဖို့ အခွင့်ရှိတယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ရှစ်လေးလုံးဟာ အမြဲတမ်း ရှစ်လေးလုံးဖြစ်တယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ရွှေဝါရောင်တော်လှန်ရေး အဓွန့် ရှည်ပါစေ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
နီ…ဟေ့…။ ။

အောင်ဝေး
(မြန်မာနိုင်ငံကဗျာဆရာ)

(ပုံစာ – ၁၉၉၀ သြဂုတ် ၈ က ထုတ်ဝေတဲ့ စက္ကူရင်ထိုးကလေး၊ ၈ လေးလုံး ၂ နှစ်ပြည့်စဉ်က – မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts