>Fire destroys floor at Burmese embassy in Bangkok

>

ဘန်ကောက်မြန်မာသံရုံးအတွင်း မီးလောင်မှုဖြစ်
အေပီသတင်းဌာန
မေ ၂၆၊ ၂၀၀၈ (မြန်မာစံတော်ချိန် နံနက် ၈း၀၀)


(AP photos)

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ယနေ့မီးလောင်မှုဖြစ်ပွားခဲ့ရာ သံရုံးကြမ်းပြင် ပျက်စီးသွားသည်။ ဘန်ကောက်မြို့တော် စီးပွားရေးရပ်ကွက်တွင်တည်ရှိသော သံရုံးဝင်းအတွင်းမှ မီးခိုးများထွက်ပေါ်လာသဖြင့် မီးသတ်ကား ၄ စီး သွားရောက်ငြိမ်းသတ်ခဲ့ရသည်။ တစ်နာရီခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး သတင်းမရသေးပေ။
မီးသတ်တပ်ဖွဲ့အရာရှိ Anupon Saengdara က မီးလောင်ရခြင်း အကြောင်းရင်းကို မသိရှိသေးဟု ဆိုသည်။ သံအရာရှိဆိုသူ တစ်ဦးကမူ ၀ါယာရှော့ခ်ဖြစ်သောကြောင့် လောင်သည်ဟု ဆိုသည်။
သံရုံးပင်မအဆောက်အဦ ဒုတိယထပ်ကြမ်းပြင် နှင့် မျက်နှာကျက် လုံးဝပျက်စီးသွားသည်ဟု ရဲတပ်ဖွဲ့အရာရှိ Thanapat Sirawong က ပြောသည်။
သံရုံးအပြင်ဘက်ဧရိယာမှာ မြန်မာပြည်အရေးလှုပ်ရှားသူများ စစ်အစိုးရအား ဆန္ဒပြသည့်နေရာဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသည့် ဌာနမှာ မီးလောင်သည့် အဆောက်အဦတွင် ရှိသည်။ မုန်တိုင်းဒုက္ခသည်များကို သွားရောက်ကူညီလိုသည့် အကူအညီပေးရေးကျွမ်းကျင်သူများသည် ဗီဇာရရှိရန်အတွက် ပြီးခဲ့သည့် သုံးပတ်အတွင်း အဆိုပါဌာနအနီး စုဝေးနေခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts