>French ship turns back

>

မြန်မာရေပိုင်နက်အနီးရှိ ပြင်သစ် စစ်သင်္ဘော ပြည်တော်ပြန်ပြီ
AFP – ရန်ကုန်
မေ ၂၆၊ ၂၀၀၈

ပြင်သစ်စစ်သင်္ဘော Mistral (ဓာတ်ပုံAP)

မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးမည့် ပစ္စည်းများ တင်ဆောင်ထားသော ပြင်သစ် စစ်သင်္ဘော နောက်ပြန်လှည့်ပြီ၊ စစ်အစိုးရ၏ ခေါင်းမာမှုကြောင့် အံ့သြတုန်လှုပ်ရသည်ဟု ပြင်သစ်အစိုးရကဆိုသည်။
ဧရာဝတီတိုင်းအတွက် ရည်ရွယ်ထားသော အဆိုပါသင်္ဘောပေါ်ရှိ ကယ်ဆယ်ကူညီရေးပစ္စည်း တန် တစ်ထောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပို့လိုက်သည်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အဆိုပါပစ္စည်းများကို တာဝန်ယူဖြန့်ဖြူးလိမ့်မည် ဟု ပြင်သစ် ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာနတို့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နေ့က ရန်ကုန်တွင်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း က စစ်အစိုးရကို အငတ်ဘေး၊ ရောဂါ တို့နှင့် ရင်ဆိုင်နေရသော ဒုက္ခသည် ၂၄ သိန်းအတွက် ပြည်ပမှ အကူအညီပေးသူများကို လက်ခံရန် တိုက်တွန်းလိုက်သည်။
“အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို လပေါင်းအတော်ကြာအောင် ဆက်လုပ်ရဦးမယ်လို့ ကျနော်ထင်တယ်။ အနည်းဆုံး ၆ လ ပေါ့ဗျာ။ အစစ အရာရာ ဆုံးရှုံးသွားတဲ့သူတွေကို ကျွေးမွေးဖို့၊ ကူညီဖို့ပေါ့” ဟု နိုင်ငံတကာ အလှူရှင်များအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် အထွေထွေအတွင်းရေးမှူးက ပြောလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts