>မုန်တိုင်းလနြ်ူမန်မာူပည် – သတင်းတိုထၝာ – May 26th 2008

>

မုန်တိုင်းလွန် မြန်မာပြည် – သတင်းတိုထွာ
မိုးမခ
မေ ၂၆၊ ၂၀၀၈

မေ ၂၃က ဒေါ်အောင်ဆန်းစုကြည် မဲပေးခဲ့သည်ဟု ဆို

မေ ၂၃ နံနက်ခင်းတွင် စစ်အစိုးရ အတည်ပြုရန် ကြိုးစားနေသော အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲပေးခဲ့သည်ဟု အစိုးရ ရပ်ကွက်က ဆိုသည်။ အာဏာပိုင်များက အကျယ်ချုပ်ခံထားရသော နေအိမ်သို့သွားရောက်ပြီး မဲဆန္ဒတောင်းခံခဲ့သည်ဟု သိရသည်။

အဲင်အယ်ဒီက ကန့်ကွက်ကြောင်း ကြေညာထားပြီး စစ်အစိုးရက ၉၂ ရာခိုင်နှုန်း ထောက်ခံမဲရရှိသည်ဟု ထုတ်ပြန်ထားသော စစ်အစိုးရအခြေခံဥပဒေကို နိုင်ငံတကာရှိ အနောက်အုပ်စုနိုင်ငံများက အယုံအကြည်မရှိကြောင်း သဘောထားရှိပြီး၊ နာဂစ် မုန်တိုင်းသင့်မြန်မာပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်သည့် စစ်အစိုးရကို ၀ိုင်းဝန်း ဝေဖန်လျက်ရှိသည်။

မေ ၂၆ တွင် တရားဝင် ဆက်လက် ချုပ်နှောင်မည် သို့မဟုတ် လွှတ်ပေးမည်ကို စစ်အစိုးရက ပြန်ကြားရမည် ဖြစ်သည်။

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များ ကူညီရန်အတွက် နဂိုယာရောက် မြန်မာများကလှူ

နဂိုယာ၊ ဂျပန်။ ။ ဂျပန်နိုင်ငံ၊ နဂိုယာမြို့ ၊ဗြဟ္မ၀ိဟာရ မြန်မာဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်တိလောကဦးဆောင်မှုဖြင့် မေလ ၂၄ ရက်နေ့ (စနေနေ့) နှင့် မေလ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တို့တွင် မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များ ကူညီရန် မြန်မာနှင့် ဂျပန်လူမျိုးများ၊ မြန်မာ့သံဃာတော်များက မြို့နေရာအနှံ အလှူငွေများ ကောက်ခံခဲ့ပြီး ရရှိသော အမေရိကန်ဒေါ်လာ ၈၇၁၇ နှင့် ညီမျှသော ဂျပန် ယန်းငွေ ၉၀၀,၀၀၀ ကို မြန်မာနိုင်ငံ လေဘေး ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ဒုတိယအကြိမ်မြောက် ပေးပို့ လှူဒါန်းခဲ့ကြောင်းသိရသည်။ ၃လ ဆက်တိုင် အပတ်စဉ် အလှူငွေများ ကောက်ခံပြီး လေဘေး ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းသွားမည်ဟု ရည်ရွယ်ကြောင်း သူတို့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts